Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၃၅၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၃၅၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မအူပင်မြို့ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၁၄၅၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်အတွင်း မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၃၅၅၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ မအူပင်မြို့နယ်မှ ထွက်ရှိသည့်မတ်ပဲများကို မအူပင်မြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“မအူပင်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို နိုဝင်ဘာလထဲမှာ မတ်ပဲ ၂၄ ပြည်ဝင်အိတ်ရေ ၃၅၅၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်။ မတ်ပဲတွေကို ပြည်ပဈေးကွက်က ပြည်လည်ဝယ်ယူမှု အားကောင်းလာတာကြောင့် ရန်ကုန်ဘက်ကလဲ ကောင်းလာတာဖြစ်ပါတယ်။ ဒေသထွက်ပဲတွေ၊ စပါးတွေကို ဒီဘက်က ကုန်သည်ပွဲရုံလုပ်ငန်းရှင်တွေက ရန်ကုန်မြို့ကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းတွေကိုတော့ ပြည်ပဈေးကွက်အနေနဲ့ ပဲတီစိမ်းတွေကိုတော့ ပြည်ပဈေးကွက်အနေနဲ့ တရုတ်နိုင်ငံဘက်ကို အများဆုံးတင်ပို့ရောင်းချတာပါ။ အခုပြည်ပဈေးကွက်က တော်တော်အဝယ်လိုက်လာတယ်လို့ သိရပါတယ်” ဟု မအူပင်မြို့ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်တင်တင်နွယ်က ပြောပြသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် မတ်ပဲ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၂၆၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News