Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့မှ ( ၃၁ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၁၀၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၃၉၈) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၅)သန်းကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ( ၂၇ ) ရက်နေ့မှ ( ၃၁ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၉၅.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၁၉)သန်း၊ ဂျင်းခရု (အရှင်) (၅.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၈)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၉) တန်၊ တန်ဖိုး ကန် ဒေါ်လာ(၀.၀၁၁)သန်း၊ ဂဏန်း (အသေ) (၆.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၃)သန်း၊ ရေခူဆားနယ် (၁)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၁၉)သန်း၊ ရေချိုပုစွန် (၀.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၇)သန်း၊ ကျောက်ပုဇွန်(အရှင်)(၀.၅၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၄)သန်း၊ ကင်းမွန်ပြုတ်ခြောက် (၀.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၈)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၈)သန်း၊ ငရုတ်သီးစိမ်း (၅၂.၃၅၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁၃)သန်း၊ တံမြက်စည်း (၃၆၀၀၀)U၊  တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၃)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃၈.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂၂)သန်း၊ ငါးအစာ (၆၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၇)သန်း၊ ပလတ်စတစ်ခွက် (၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၆)သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၁၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၀၆၃.၁၂) ဒေါ်လာနှုန်း၊ (၉၅.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၁၉) သန်း၊ ဂျင်းခရု (အရှင်) (၁၅၁၇.၂၄) ဒေါ်လာနှုန်း၊ (၅.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၈) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၃.၁) ဒေါ်လာနှုန်း၊ (၂.၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁) သန်း၊ ဂဏန်း (အသေ) (၁၁၉၆.၇၂) ဒေါ်လာနှုန်း၊ (၆.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၃) သန်း၊ ရေခူဆားနယ် (၁၉၀၀) ဒေါ်လာနှုန်း၊ (၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ရေချိုပုစွန် (၄၆၂၅) ဒေါ်လာနှုန်း၊ (၀.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၇) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၁၁၁၁.၁၁) ဒေါ်လာနှုန်း၊ (၀.၅၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၄) သန်း၊ ကင်းမွန်ပြုတ်ခြောက် (၄၅၀၀) ဒေါ်လာနှုန်း၊ (၀.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈) သန်း၊ ငှက်ပျောသီး (၃၀၆.၆၇) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၈)သန်း၊ ငရုတ်သီးစိမ်း (၇၈၈.၈၉) ဒေါ်လာနှုန်း၊ (၅၂.၃၅၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၁၃) သန်း၊ တံမြက်စည်း(၁)ချောင်းလျှင် (၀.၂၀၃) ဒေါ်လာနှုန်း၊ (၃၆၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၃) သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ - သစ်သီး (၃၁၆.၈၈) ဒေါ်လာနှုန်း၊ (၃၈.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၂၂) သန်း၊ ငါးအစာ (၃၄၅) ဒေါ်လာနှုန်း၊ (၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၀၇)သန်း၊ ပလတ်စတစ်ခွက် (၃၀၀) ဒေါ်လာနှုန်း၊ (၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၆)သန်း၊ ငါးသေတ္တာဘူးခွံ (၆၆၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၇၃.၃၃) ဒေါ်လာနှုန်း၊ (၁၅)တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၀၁၁)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၃၇၅) ဒေါ်လာနှုန်း၊ (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News