International News

ကြက်သွန်နီ တန်ချိန် ၉ သိန်း ဝယ်ယူခွင့် အိန္ဒိယအစိုးရထံ အင်ဒိုနီးရှားနိုင်ငံ တောင်းခံမည်

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် ကြက်သွန်နီကို အမေရိကန်၊ အိန္ဒိယနှင့် နယူးဇီလန်နိုင်ငံတို့ထံမှ အဓိကအားဖြင့် တင်သွင်းသည်။ အိန္ဒိယအစိုးရသည် ပြည်တွင်းကြက်သွန်နီဈေးနှုန်း မြင့်တက်လာသည်ကိုထိန်းရန် ကြက်သွန်နီ ပြည်ပတင်ပို့မှု လျော့ကျစေရန်အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှုအပေါ်  ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်း ပြဋ္ဌာန်းခဲ့သည်။ ထို့နောက်‌ အောက်တိုဘာလတွင် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း minimum export price MEP  တစ်တန်လျှင် ကန်ဒေါ်လာ ၈၀၀ ဟု ပြဋ္ဌာန်းသည်။

ထိုသို့ ဆောင်ရွက်သော်လည်း ရာသီဥတု ဆိုးဝါးသဖြင့် ကြက်သွန်ခင်းများ ပျက်စီးခဲ့သဖြင့် ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်မားနေသဖြင့် ဒီဇင်ဘာလတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှု လုံးဝ ပိတ်ပင်လိုက်သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ကုန် မတ်လ ၃၁ ရက်အထိ ပိတ်ပင်ထားသည်။ “အိန္ဒိယနိုင်ငံက ကြက်သွန်နီ တင်ပို့မှု ပိတ်ပင်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက ကုန်သည်တွေနဲ့ တင်သွင်းသူတွေက အိန္ဒိယနိုင်ငံ ကြက်သွန်နီကို တောင်းဆိုလာကြပါတယ်။ ကြက်သွန်နီ ကန်ဒေါ်လာ ၁ သိန်းဖိုး တန်ချိန် ၉ သိန်း ၀ယ်လိုအား ရှိနေပါတယ်။ ဒီတော့ အိန္ဒိယအစိုးရထံ တောင်းဆိုချက် ပေးပို့ထားပါတယ်" ဟု တာဝန်ရှိသူတဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ ကြက်သွန်နီတင်ပို့မှု၏ လေးပုံတစ်ပုံခန့်ကို တင်ပို့ပြီး နယ်သာလန်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံပြီးလျှင် တတိယအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်သည်။ ၂၀၂၃ ခုန‌ှစ် ဧပြီလမှ အောက်တိုဘာလအထိ အိန္ဒိယနိုင်ငံသည် ကြက်သွန်နီ တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့ခဲ့ရာ၌ အင်ဒိုနီးရှားသို့ ၃၆,၁၄၆ တန် တင်ပို့ခဲ့သည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂.၅ သန်း တင်ပို့ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ၁၁၆,၆၉၅ သန်း တင်ပို့ခဲ့သည်။ 

Source: livemint

Source: https://www.foodindustrydirectory.com.mm 

Category: International News