Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၃-၉-၂၀၂၃ မှ ၂၉-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၁၂၃) တန်၊ တန်ဖိုး (၀.၂၆၅)ဒေါ်လာသန်း၊ ရော်ဘာစေး (၄၀)တန်၊ တန်ဖိုး(၀.၀၃၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ လက်ဖက်ခြောက်(၁၄) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း အပါအဝင်ပို့ကုန်တန်ဖိုး (၀.၃၈၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ယခုအပတ်တွင်ကြက်သွန်ဖြူတင်ပို့မှု လျော့နည်းခြင်းနှင့်သတ္တု တင်ပို့မှုမရှိခြင်းကြောင့် ယခင်အပတ်(၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃) ရက်နေ့ထိနှင့်နှိုင်းယှဉ်ပါက (၀.၁၈၈) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့်ကျပ်(၁) သိန်းလျှင် (၁၀၈၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိက တင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၁၇၂) ဒေါ်လာသန်း၊ ဒီဇယ် (၀.၃၀၄) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၂၈၀)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ(၀.၁၂၆) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ(၀.၀၃၂) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ(၀.၀၄၁)ဒေါ်လာသန်း၊ သုတ်ဆေး/ ပေါလစ်များ (၀.၀၁၃) ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၁.၀၂၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ စက်သုံးဆီဈေးနှုန်းအနေဖြင့် ရိုးရိုးဒီဇယ်ဆီ တစ်တန်လျှင် (၁၀၀၈)ဒေါ်လာ၊ ပရီမီယမ်ဒီဇယ်ဆီ တစ်တန်လျှင် (၁၀၄၀) ဒေါ်လာ၊ ဓာတ်ဆီ(92 Ron) တစ်တန်လျှင်(၁၀၁၅) ဒေါ်လာ၊ ဓါတ်ဆီ(95 Ron) တစ်တန်လျှင် (၁၀၆၅) ဒေါ်လာဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News