Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၆-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများဖြစ်သည့်ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မြေပဲ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ရေထွက်ပစ္စည်းဖြစ်သည့်ငါးပါးလျှပ်၊ ငါးခွေးလျှာ၊ ငါးမြွေထိုး၊ ဂုံး၊ ပုစွန်၊ ကဏန်း၊ CMP ပစ္စည်းများ၊ ငါးဖမ်းပိုက်ကွန်များနှင့် တောပန်းမြစ်ခြောက်တို့ကို တင်ပို့ခဲ့ပါသည်။ (၂၆-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ CMP ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများ ဖြစ်ပါသည်။

ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအားမြှင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့်ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် လို်ငစင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၂၆-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေ ဖြင့်တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊အလှကုန်ပစ္စည်း၊ CMP၊ ဆေးဝါးများ၊ ဖိနပ်၊သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။ (၂၆-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာအဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၄.၃၃) ကျပ်ရှိပြီး ယခုအပတ်တွင် (၉၁.၃၂) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် ကျဆင်းခဲ့ပါသည်။

(၂၃-၉-၂၀၂၃ မှ ၂၉-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၃၇၉၆၇) U၊ (၁၆.၂၇၂) တန် (၂.၁၉၅)‌ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၆၇၅.၉၂၆)ဒေါ်လာဖြင့်(၂၀၉၉.၃၄၀)တန်(၁.၄၁၉)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၇၃.၆၈၆)ဒေါ်လာဖြင့် (၂၇၁.၈၅၅)တန်(၀.၄၅၅)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁)တန်လျှင် (၄၇၀.၀၈၆)ဒေါ်လာဖြင့်(၃၉၅.၆၇၂) တန်(၀.၁၈၆)ဒေါ်လာသန်း၊ မြေပဲဆံ(၁)တန်လျှင် (၁၆၁၇.၂၇၇) ဒေါ်လာဖြင့်(၉၉.၅၅၀)တန်(၀.၁၆၁)ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၁၈.၉၉၈) ဒေါ်လာ ဖြင့်(၁၀၅.၉၉၈)တန်(၀.၁၆၁) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁)တန်လျှင် (၄၃၀၅.၅၅၅) ‌ဒေါ်လာဖြင့် (၃၆)တန် (၀.၁၅၅) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၁.၇၅၄) ဒေါ်လာဖြင့် (၄၅၆) တန် (၀.၀၉၂)ဒေါ်လာသန်း၊ ငါးမျိုးစုံ(၁) တန်လျှင် (၁၃၁၂.၅၅၁) ဒေါ်လာဖြင့်(၁၈.၂၈၅)တန် (၀.၀၂၄) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း(၁) တန်လျှင် (၃၄၃၁.၃၇၂) ဒေါ်လာဖြင့် (၆.၁၂၀) တန် (၀.၀၂၁) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

(၂၃-၉-၂၀၂၃ မှ ၂၉-၉-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၇၁၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ(၁.၄၂၉) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၉၂၄) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ(၀.၈၁၄)ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ(၀.၇၁၈) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ(၀.၆၇၁) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်းများ (၀.၆၅၈) ဒေါ်လာ သန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၆၄၈) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ(၀.၅၅၂) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၄၉၅) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁၈.၉၇၀) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၉၁.၂၁၆) ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၁၁၀.၁၈၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News