Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၇-၉-၂၀၂၃) မှ (၁-၁၀-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၁၇၁.၀၀)တန်၊ တန်ဖိုး(၀.၀၇၀)ဒေါ်လာသန်း၊ပြောင်း (၂၀၅.၀၀)တန်၊တန်ဖိုး(၀.၀၅၄) ဒေါ်လာသန်း၊ ရော်ဘာ (၅၆.၀၀) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန် လျှင်(၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင်(၁၃၀၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

ယခုအပတ်အတွင်းဆေးဝါးပစ္စည်း(၃၅၁၁၈၀)U ၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ ပိတ်လိပ် (၁၅.၂၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်း (၁၀.၁၀) တန်၊ (၄၄၀၀) U ၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ရိတ်သိမ်းခြွေလှေ့စက်/ထွန်စက် (၆) U၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ပီနံအိတ် (၅၈.၇၀) တန်၊ တန်ဖိုး (၀.၀၄၇) ဒေါ်လာသန်း၊ မြက်ခင်းတု (၇.၆၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ သံပိုက် (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ကုန်စုံ (၁၃၂.၇၀) တန်၊ (၁၂၁၁၄) U၊ (၄၁၀၀) PR၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ ဓာတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူ လိပ်တစ်တန်လျှင်(၃၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၃၀) ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင်(၁၀၀၀၀၀၀)ကျပ်ဝန်း ကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး- လက်ပံလှ- ဗန်းမော် - မိုးမောက် (ကျောက်စခန်း) -စိန်လုံ - လွယ်ဂျယ်လမ်း ကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော်-မိုးမောက် (ကျောက်စခန်း) - စိန်လုံ- လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ် - စိန်လုံ- မိုးမောက်(ကျောက်စခန်း) ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။ လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၂၆-၉-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၅၀)ကျပ်ဖြစ်ခဲ့ပြီ း၁-၁၀-၂၀၂၃ ရက်နေ့မှာတော့(၁)ယွမ်လျှင် (၄၄၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတက်ခဲ့ကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News