Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သားတစ်တန်လျှင် (၁၈၀၇) ဒေါ်လာနှုန်းဖြင့်(၁၈)တန်၊ တန်ဖိုး (၀.၀၃၂)  ဒေါ်လာသန်းအား  အကောက်ခွန်သက်သာခွင့်ဆိုင်ရာ  ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်  Form  D  အကျိုးခံစားခွင့်  လျှောက်ထားရယူ၍  ထိုင်းနိုင်ငံသို့  ကားလမ်းကြောင်းဖြင့်  မောတောင်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ် သိန်း)ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီတစ်တန်လျှင်(၈၇၀) ဒေါ်လာနှုန်းဖြင့်(၉၀၀) တန်၊ တန်ဖိုး (၀.၇၈၃)ဒေါ်လာသန်း၊ ဓါတ်ဆီတစ်တန်လျှင်(၉၅၃)ဒေါ်လာနှုန်းဖြင့်(၂၄၀)တန်၊ တန်ဖိုး (၀.၂၂၉) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး(၁.၀၁၂)ဒေါ်လာသန်း  တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၆) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News