Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် ၁၈.၀၀၀ ဒေါ်လာသန်း၊ သွင်းကုန် ၂.၅၀ ဒေါ်လာသန်း၊ စုစုပေါင်း ၂၀.၅၀ ဒေါ်လာသန်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၄.၂၆၇ ဒေါ်လာသန်းနှင့် သွင်းကုန် ၀.၅၀၅ ဒေါ်လာသန်း၊စုစုပေါင်း ၄.၇၇၂ ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် ၂၃.၂၇၈% ဆောင်ရွက်နိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ၁၄၉၅၀ တန်၊ ဧည့်မထဆန် (၆၂၀) တန်၊ ဖရဲသီး ၁၀၀ တန်၊ ငရုတ်သီး ၄၀၈ တန်၊ ကြက်သွန်နီ ၄၇၇ တန်နှင့် ရွှေဖရုံသီး ၅၁၄ တန်  တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်ပစ္စည်းများအနေဖြင့် သံကြိုးခွေ၊ မြက်ခင်းတုနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၁၉၄ တန်၊ လုပ်ငန်းသုံးပစ္စည်း ၂၅၀ တန်နှင့် လူသုံးကုန်ပစ္စည်း ၂၅၆ တန်တို့ တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

Source: DOT (ကံပိုင်တည်)

Source: https://commerce.gov.mm

Category: Local News