Local News

စျေးဆက်လက်မြင့်တက်နေတဲ့ နှမ်းရောင်စုံ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံ နှမ်းရောင်စုံတို့မှာ တရုတ်ဝယ်လက်အားကောင်းနေ၍ စျေးဆက်လက်မြင့်တက်နေပါသည်။ နှမ်းနက်(စမုံ)နှင့် နှမ်းဖြူတို့မှာ တရုတ်ဝယ်လိုအားကြောင့် စျေးကောင်းနေပြီး ကျန်နှမ်းများမှာလည်း ပြည်ပဝယ်လိုအား အထိုက်အလျောက်ရှိကာ ပြည်တွင်းဝယ်လိုအားဖြစ်သည့် ဆီကြိတ်သမားများနှင့် နှမ်းလှော်လုပ်ငန်းရှင်များမှလည်း ပုံမှန်ဝယ်လိုအားရှိနေသည့်အတွက် အရောင်းအဝယ်သွက်နေပါသည်။ 
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှစ၍ နှမ်းစျေးနှုန်းများတက်လာရာ ယခု၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ဆန်းပိုင်းတွင် စံချိန်တင်အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ တိုင်းအတွင်း စိုက်ပျိုးထွက် ရှိသည့် နှမ်းများကို မန္တလေးမှတဆင့် တရုတ်သို့တင်ပို့ရောင်းချနေကာ အခြားပြည်ပနိုင်ငံများမှ လည်းအမှာ များရှိလျှင်ရှိသလို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် နှမ်းနက်(စမုံ) ၄၅ပိဿာ (၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၃၀၀၀၀/ ၃၄၀၀၀၀)၊ နှမ်းဖြူ ၄၅ပိဿာ (၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၀၀၀၀၀)၊ နှမ်းနီ ၄၅ပိဿာ (၃) တင်းဝင်တစ်အိတ်လျှင် ကျပ်(၂၈၀၀၀၀)စျေးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ယခုလက်ရှိ ဖေဖေါ်ဝါရီလဆန်း ပိုင်းတွင် နှမ်းနက်(စမုံ) ၄၅ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင် ကျပ် (၃၈၀၀၀၀)၊ နှမ်းဖြူ ၄၅ပိဿာ (၃) တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၅၀၀၀၀)၊ နှမ်းနီ ၄၅ပိဿာ (၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၄၀၀၀၀) စျေးအထိ ဆက်လက်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News