Local News

စျေးကျနေသည့်ပြောင်း ဘတ်စျေးနှင့်ငွေလဲနှုန်း တက်လာသောကြောင့် စျေးပြန်တက်လာ

Last Updated:
       ပြောင်း ဘတ်စျေးနှင့် ငွေလဲနှုန်းတက်လာသည့်အတွက် ပြောင်းစျေးပါလိုက်လံ မြင့်တက်လာကြောင်း  ကုန်သည်များထံမှ သိရသည်။ လက်ရှိတွင်  ပြောင်းကို  မြ၀တီနယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်ထိုင်းနိုင်ငံသို့ အဓိက ထားတင်ပို့​ နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြောင်းစျေးတက်နေသည့်အပြင်   မြန်မာငွေစျေး ကျကာ  ထိုင်းဘတ်ငွေ မြင့်တက်နေသည့်အတွက် ပြည်တွင်းပြောင်းစျေးမှာ မြင့်တက်လာခြင်း ဖြစ်သည်။
 
      “ပြောင်းစျေး တက်လာပါတယ်။ အဓိက သုံးချက်ကြောင့် စျေးတက်လာတာ။ နံပါတ်တစ် ထိုင်းနိုင်ငံမှာလဲ ပြောင်းစျေးတက်နေတယ်။  ငွေလဲနှုန်းလဲ တက်နေ တယ်။ နောက်ပြီး ထိုင်းက ဝယ်လိုအားများနေတယ် ။ ဒါကြောင့် စျေးတက်လာတယ်” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင် နရက ဉီးမင်းခိုင်ထံ မှ သိရသည်။
 
      ပြီးခဲ့သည့် လ က  ရန်ကုန်စျေး ပြောင်း တစ်ပိဿာလျှင် ၁၁၇၀ ကျပ်သာ  ရှိခဲ့ ပြီး လက်ရှိ ပြောင်းတစ်ပိဿာ လျှင် ၁၂၀၀ ကျော် ထိတက်လာ ကြောင်းသိရသည်။ထို့အပြင် ထိုင်းနိုင်ငံတွင်  ပြောင်း ၁၅ ကီလို တစ်ပုံးလျှင်  ၁၇၀ဘတ်ကျော်ထိပေါက်စျေးရှိနေကြောင်း သိရသည်။
 

      “ထိုင်းနိုင်ငံမှာက  ၁၅ ကီလို တစ်ပုံး ကို  ၁၇၀ကျော်တယ်။ ဒါပေမဲ့  တိတိကျကျမရှိဘူး။   ကြိုက်စျေးနဲ့   ရောင်းတာများတယ်။ နောက်ပြီး မြဝတီမှာ  မြန်မာငွေနဲ့ ရောင်းနေတာတွေလည်းရှိတယ်။ အပြင် စျေးဆိုပြီး စျေးသပ်သပ်ရှိတယ် ”ဟု ပြောင်း exporter တစ်ဦး ကပြောသည်။  ပြီးခဲ့နှစ်က မြဝတီသို့ ပြောင်းတန်ချိန် သုံးသိန်း ထိတင်ပို့နိုင်ခဲ့ကြောင်းသိရပြီး ယခုနှစ် မြဝတီသို့ ပြောင်းတင်ပို့မူမှာ ပြီးခဲ့သည့် နှစ်ကာလတူနှင့်ယှဉ်ပါက တင်ပို့မှုမှာ လျော့ကျနေကြောင်း သိရသည်။

 

 

 

     ထိုင်းနိုင်ငံသို့ နယ်စပ်မှ ပြောင်းတင်ပို့မည်ဆိုပါက တင်ပို့မည့် ကားနံပါတ်၊ ကားအမျိုးစား ၊ ဘယ်ဂိုဒေါင်မှ တန်ချိန်ဘယ်လောက်ဖြင့်မည်သည့်နယ်စပ်ဂိတ်ကို ဖြတ်မည့် စသောအချက်အလက်များကို တင်ပြနေရပြီး တင်ပို့ခွင့်ပြန်ကျလာမှသာ တင်ပို့ခွင့် ရမည်ဖြစ်သောကြောင့် ကားငှါးရသည့်ရက် ကြာမြင့်ကာ ကုန်ကျစရိတ် များနေကြောင်းအချို့ကုန်သည်တချို့ထံမှသိရသည်။
 
     ပြီးခဲ့သည့်လက မြဝတီနယ်စပ်မှတဆင့် တင်ပို့ရတွင် ထပ်တိုးမူဝါဒများကြောင့် စျေးကွက်မတည်ငြိမ်ဖြစ်ကာ ပြည်တွင်းပြောင်းစျေးနှုန်းများ ကျဆင်းခဲ့ ခြင်းဖြစ်သည်။


       ပြည်တွင်းမှ  ပြောင်းစေ့များကို  ထိုင်းနိုင်ငံသို့   အကောက်ခွန်သက်သာခွင့်   သုညရာခိုင်နှုန်းဖြင့်   တင်သွင်းခွင့်   ပေးထာခြင်းဖြစ်ကြောင်း   သိရသည်။  နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်  တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိ သိရပြီး ထိုင်း နှင့်တရုတ်သို့ညအဓိကတင်ပို့ကာ ပင်လယ်ရေကြောင်းမှ တဆင့် normal trade အနေဖြင့် အိန္ဒိယ နှင့်ဗိယမ်နမ် ဘက်သို့အနည်းငယ်သာ တင်ပို့နေကြောင်းလည်း သိရသည်။

 

 Source: https://t.me/htwettoe

 
 

 

Category: Local News