Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

          ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းဖြစ်သည်။

      ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၅၉)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၇၈)သန်း၊ သွင်းကုန်တန်ချိန် (၃၃၄)၊ (-)U၊ (၁၉၄၀) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ(၀.၂၉၂)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ၅၇၀သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ငါးဗျက် တန်ချိန်(၇.၆၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၂၆၂)၊ (၁)တန်စျေးနှုန်း (၁၀၈၀)အမေရိကန်ဒေါ်လာ၊ ငါးတံခွန် တန်ချိန် (၈.၅၇၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၄၅၅.၉၀၀)၊ (၁)တန်စျေးနှုန်း (၈၇၀)အမေရိကန်ဒေါ်လာ၊ ငါးနီငယ် တန်ချိန် (၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၃၀၀)၊ (၁)တန် စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ သီဟိုဠ်စေ့တန်ချိန် (၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၀၀)၊ (၁)တန်စျေးနှုန်း (၁၀၀၀)အမေရိကန်ဒေါ်လာ၊ တူးခက် တန်ချိန် (၂.၅၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၆၇.၅)၊ (၁)တန်စျေးနှုန်း (၈၅၀)အမေရိကန်ဒေါ်လာ၊ ငါးဗျောသီး တန်ချိန် (၁.၁၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၂၈)၊ (၁)တန်စျေးနှုန်း (၁၉၀၀)အမေရိကန်ဒေါ်လာ၊ တာတို တန်ချိန် (၁.၀၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၁၀.၄)၊ (၁)တန်စျေးနှုန်း (၁၂၆၀) အမေရိကန်ဒေါ်လာ၊ ပုစွန် တန်ချိန် (၀.၀၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၄)၊ (၁)တန်စျေးနှုန်း (၆၉၀၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေ တန်ချိန် (၀.၁၇၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၈၅.၆)၊ (၁)တန်စျေးနှုန်း (၁၆၈၀)အမေရိကန်ဒေါ်လာ၊ ငါးစက္ကူ တန်ချိန် (၀.၀၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၂.၈)၊ (၁)တန်စျေးနှုန်း(၁၆၆၀) အမေရိကန်ဒေါ်လာ တို့ဖြစ်ပါသည်။

          အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဒီဇယ် တန်ချိန် (၂၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၃၀၀၀)၊ (၁)တန်စျေးနှုန်း (၇၆၅)အမေရိကန်ဒေါ်လာ၊ ဓာတ်ဆီ တန်ချိန် (၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၅၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်ရေခဲပုံးတန်ချိန်(၁၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၄၀၀၀)၊ (၁)တန်စျေးနှုန်း (၂၀၀၀) အမေရိကန်ဒေါ်လာ၊ ဆား တန်ချိန် (၂၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၂၀၀၀)၊ (၁)တန်စျေးနှုန်း (၈၈) အမေရိကန်ဒေါ်လာ၊ ပလပ်စတစ်လိပ် တန်ချိန် (၁၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၉၀၀၀)၊ (၁)တန်စျေးနှုန်း (၁၀၀၀) အမေရိကန်ဒေါ်လာ၊ ငါးထည့်သည့်ပုံးအပြာတန်ချိန် (၁၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၀၀၀)၊ (၁)တန်စျေးနှုန်း (၈၀၀) အမေရိကန်ဒေါ်လာ၊ ငှက်သိုက်တန်ချိန် (၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၀၀)၊ (၁)တန်စျေးနှုန်း (၄၀၀၀) အမေရိကန်ဒေါ်လာ၊ ငါးထည့် သည့်ခြင်းတန်ချိန် (၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၀၀)၊ (၁)တန်စျေးနှုန်း (၈၀၀) အမေရိကန်ဒေါ်လာ၊ မီးသွေးမှုန့် တန်ချိန် (၂၇)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၀၀)၊ (၁)တန်စျေးနှုန်း (၁၄၈.၁၄၈) အမေရိကန်ဒေါ်လာ၊ ငါးဖမ်းပိုက်တန်ချိန် (၃)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၀၀၀)၊ (၁)တန်စျေးနှုန်း (၁၀၀၀) အမေရိကန်ဒေါ်လာ၊ တို့ဖြစ်ပြီးငါးသယ်လှေ ကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရသည်။

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံ ငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂၈-၆-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၃၉)ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၇.၈) ကျပ်ခန့်ဖြစ်သဖြင့် (၂၇-၆-၂၀၂၃)ရက်နေ့ထက် (၀.၂) ကျဆင်းသွားသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၁၇၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၂၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News