Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂-၇-၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂-၇-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၉၉) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၁၇၂)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၁၇၁) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ခဲသွပ်အရောသတ္တု (၃၁၄.၅၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၂၉) သန်း၊ ငါးရှဉ့်(၃၈.၈၈) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၄၁) သန်း၊ ကြေးနီ (၃၄.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၉) သန်း၊ ကဏန်း(၁၆.၇၂၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၁) သန်း၊ ကြက်သွန်နီ (၂၀၀.၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၁)သန်း၊ ငါးမှုန့် (၉၉.၀၀)တန်၊ တန်ဖိုး (၀.၀၅၈) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၃၈.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၅) သန်း၊ သကာရည် (၁၅၆.၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၄၆)သန်း၊ ကြက်ဆူစေ့ (၇၀.၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၅)သန်း၊ ပဲယင်း (၃၃.၅၀)တန်၊ တန်ဖိုး (၀.၀၃၀)ဒေါ်လာသန်းတို့ဖြစ်သည်။

    အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ ကန်ဒေါ်လာ (၀.၁၇၀)သန်း၊ သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ (၀.၁၂၇) သန်း၊ ကော်စေ့ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၂) သန်း၊ အဝတ်စတစ်ရှူး တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၀)သန်း၊ စာရေးစက္ကူ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၆) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၆)သန်း၊ အပင်အားတိုးဆေး တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၂) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၈) သန်း၊ လျှပ်စစ်ဝါယာကြိုးများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁)သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄) သန်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၂) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂.၂၆၁) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၄.၁၃၅) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ(၆.၃၉၆)သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၁၅၆) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိသည်။

         (၂-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ခဲသွပ်အရော သတ္တု (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၇၂၇.၃၀၀) နှုန်း၊ငါးရှဉ့်(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၂၄.၇၇၀)နှုန်း၊ ‌ကြေးနီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၈၇၈.၅၁၃) နှုန်း၊  ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၄၂.၉၄၅) နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၂.၄၃၈) နှုန်း၊ ငါးမှုန့် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၈၆.၃၁၂)နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၇.၈၅၅) နှုန်း၊ သကာရည် (၁) တန်လျှင် အမေရိကန်ဒေါ်လာ(၂၉၃.၁၅၆)နှုန်း၊ ကြက်ဆူစေ့ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၀၅.၀၆၆)နှုန်း ၊ ပဲယင်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၉၀၂.၀၈၃)နှုန်း တင်ပို့နိုင်ခဲ့သည်။

          (၂၆-၆-၂၀၂၃) ရက်နေ့ မှ (၂-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ခဲသွပ်အရောသတ္ထု (၁၇၉၁.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၃၀၃) သန်း၊ ငါးရှဉ့်(၃၀၈.၅၆)တန်၊ တန်ဖိုးကန် ဒေါ်လာ (၁.၁၁၆) သန်း၊ ကဏန်း(၁၈၇.၉၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၇၉၄)သန်း၊ ကြက်သွန်နီ(၁၂၃၅.၅၀)တန်၊ တန်ဖိုး(၀.၄၃၁)ဒေါ်လာသန်း၊ ဝါဂွမ်း (၂၃၂.၃၆)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၄၁၀) သန်း၊ မြေထောက်ပဲ(၂၆၈.၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၉၉) သန်း၊ကြေးနီ(၁၃၇.၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၃၉၇)သန်း၊ ပုစွန်ဖွဲ(၆၉၃.၅၀) တန်၊ တန်ဖိုး (၀.၃၃၃) ဒေါ်လာသန်း၊  အလူမီနီယံသတ္တု(၁၃၇.၄၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၃၈) သန်း၊ နနွင်းတက်(၄၀၁.၀၁) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၂၁၅) သန်းတို့ ဖြစ်သည်။ 

         (၂၆-၆-၂၀၂၃) ရက်နေ့ မှ (၂-၇-၂၀၂၃) ရက်နေ့အတွင်းအများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများတန်ဖိုးကန် ဒေါ်လာ(၃.၃၉၂) သန်း၊ စက်သုံးဆီ တန်ဖိုးကန်ဒေါ်လာ (၁.၀၄၀) သန်း၊ သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ (၀.၆၃၂) သန်း၊ ဆိုလာပြား တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၀) သန်း၊ သံဘောင်တန်ဖိုး ကန်ဒေါ်လာ (၀.၂၈၉) သန်း၊ ဘတ္ထရီ တန်ဖိုးကန်ဒေါ်လာ (၀.၂၄၂) သန်း၊ သံပိုက်တန်ဖိုးကန်ဒေါ်လာ (၀.၂၂၇) သန်း၊ ကားတာယာ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၈) သန်း၊ ဓာတ်မြေဩဇာကန်ဒေါ်လာ (၀.၁၅၆) သန်း၊ စပျစ်သီးတန်ဖိုးကန်ဒေါ်လာ (၀.၁၅၀) သန်းတို့ဖြစ်သည်။

       (၂၆-၆-၂၀၂၃) ရက်နေ့ မှ (၂-၇-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များအား ခဲသွပ်အရောသတ္တု (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၇၂၇.၃၀) နှုန်း၊ ငါးရှဉ့်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၁၈.၂၄) နှုန်း၊ ကဏန်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂၁.၉၁) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၄၈.၆၂) နှုန်း၊ ဝါဂွမ်း (၁) တန်လျှင် အမေရိကန် ဒေါ်လာ(၁၇၆၆.၆၁) နှုန်း၊မြေထောက်ပဲ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၈၅.၈၄) နှုန်း၊ကြေးနီ(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၈၈၄.၆၆) နှုန်း၊ပုစွန်ဖွဲ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၄၈၀.၀၀)နှုန်း၊ အလူမီနီယံသတ္တု (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၃၁.၉၇) နှုန်း၊နနွင်းတက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၅၃၅.၆၁) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

        မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှု  ဆောင်ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများ အချိန်နှင့် တပြေးညီ သိရှိအောင် ဆောင်ရွက်သင့်သည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒ လုပ်ထုံးလုပ်နည်းများ သိရှိအောင် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

       ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့် လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေ ဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများ ဆောင်ရွက်သင့်သည်။ တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမည်အသစ်များရှိပါကလည်း သက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက် ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News