Local News

မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၂)ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ(၂)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၄၀)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၁) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၄၁) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ (၁) ရက်နေ့မှ(၂) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၂၉.၇၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄) သန်း၊ ကဏန်းအသေ(၅.၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ အသီးများ (၂.၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ   (၀.၀၀၁)သန်း သန်းတင်သွင်းနိုင်ခဲ့သည်။

      မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၁၄၂.၀၈၉) ဒေါ်လာနှုန်း၊ (၂၉.၇၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄) သန်း၊ကဏန်း အသေ(၁၁၈၀.၀၀) ဒေါ်လာနှုန်း၊ (၅.၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆) သန်း ဖြစ်သည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ  အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ- သစ်သီး (၃၀၀.၅၁)ဒေါ်လာနှုန်း၊ (၂.၅၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁)သန်းဖြစ်သည်။

       မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၆၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင်ကုန်သွယ်မှုလမ်းကြောင်းမှာ ကောင်းမွန်လျက်ရှိသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁-၇-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ်(၁)သိန်းလျှင် ဘတ်(၁၁၄၀)၊ (၁)ဘတ်လျှင် မြန်မာငွေကျပ် (၈၇.၇၂) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News