Local News

မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ ခုနှစ်၊ ဇွန်လ(၁-၆-၂၀၂၃ မှ ၃၀-၆-၂၀၂၃ ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇွန်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်းဖြစ်ပြီး ဇွန်လ (၁-၆-၂၀၂၃ မှ ၃၀-၆-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၃၈၆)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၁၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၀.၃၉၆)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၈%)ဆောင်ရွက်နိုင်ခဲ့သည်။

           မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါသည်။ ဇွန်လ(၁-၆-၂၀၂၃ မှ ၃၀-၆-၂၀၂၃ ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှ ကွမ်းသီး(၁၀)တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊ အုန်းသီး (၁၃)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ဆီးသီးခြောက် (၆၃.၃) တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ချင်း(အစို) (၁၀၈၆.၅)တန်၊ တန်ဖိုး (၀.၂၇၉) ဒေါ်လာသန်း၊ ဒညင်းသီး (၁၁၈)တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ နနွင်းတက် (၅)တန်၊ တန်ဖိုး (၀.၀၀၃)၊ ရေထွက်ပစ္စည်းမှ ငါးခေါင်းပွ (၂.၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ပုဇွန်ခြောက် (၀.၅) တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၄)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းမှ လူကြီးစီးဖိနပ် (၅၉၀၀)စုံ၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ မှုန့်ဖတ်ခြောက် (၀.၅) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ အဝတ်အထည် (၀.၅)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ချည်လုံချည် (၁.၉)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ သနပ်ခါးခဲ (၁၁.၅)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ဆီးယိုထုပ် (၆၄)တန်၊ တန်ဖိုး (၀.၀၂၁)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။တင်သွင်းခဲ့သည့်ကုန်ပစ္စည်းများမှာ Plastic Pipe(၀.၅) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊PVC Tank (၃၇) U ၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ Water Hand Pump (၂၀) U ၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ Aluminium Water Pot (၁.၁) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ Men's T-Shirt (၃၅၀၀) U ၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း တင်သွင်းခဲ့သည်။

            မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ကွမ်းသီး (၁) တန်လျှင် ၊ (၁၀၀၀) ဒေါ်လာ၊ ဇီးသီးခြောက် (၁) တန်လျှင်၊ (၁၇၀) ဒေါ်လာ၊ ဂျင်း(အစို) (၁) တန်လျှင် ၊ (၂၀၀) ဒေါ်လာ၊ ဒညင်းသီး (၁) တန်လျှင် ၊ (၃၀၀) ဒေါ်လာ ပြီး၊ Water Hand Pump(၁) U လျှင်၊ (၄၂၀၀၀) ကျပ်၊ PVC Tank (၁) U လျှင် ၊ (၈၄၀၀၀) ကျပ်၊ Men's T-Shirt (၁) U လျှင်၊ (၂၁၀၀) ကျပ် ၊Plastic Pipe (၁) တန်လျှင်၊ (၃၁၅၀၀၀၀) ကျပ်၊ Aluminium Water Pot (၁) တန်လျှင် ၊ (၆၄၆၁၀၀၀) ကျပ် ဈေးနှုန်းရှိသည်။ 

              မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းမှ အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရသည်။

         မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး(၁)အိတ် (၁၁၇၀၀၀)ကျပ်၊ ဧည့်မထ(၁)အိတ်(၉၀၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာ (၂၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာ (၁၈၀၀၀)ကျပ်၊ ကြက်ဥ (၃)လုံး(၁၀၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာ (၈၀၀၀)ကျပ်။ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ)(၁)ကီလို (၆၀.၀၀)တာကာ၊ကြက်သွန်နီ (၁)ကီလို (၆၅.၀၀)တာကာ၊အာလူး (၁)ကီလို (၃၉.၀၀) တာကာ၊ခရမ်းချဉ်သီး (၁) ကီလို (၆၅.၀၀)တာကာ ၊ကြက်သား (၁) ကီလို (၃၂၅.၀၀)တာကာ ၊ကြက်ဥ (၁)ဒါဇင် (၁၄၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၀၃-၀၇-၂၀၂၃) ရက်နေ့ (၁၁:၀၀)အချိန် ပြင်ပငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၃၀၅၇) ကျပ်၊ (၁၁၄.၅၁) တာကာ၊ ၁၀၀ကျပ်လျှင်(၃.၇၅)တာကာ၊ (၁)တာကာလျှင် (၂၆.၇၀)ကျပ် ဖြစ်ပေါ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News