Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျောနှင့် ရော်ဘာတို့တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်း ငွေပမာဏမှာ ၁၃၃၇၁၃.၀၀၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၃၀၇၉၇၉.၉၆၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၀၂၉၁၅၉.၀၄၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်ပို့မှုရှိခဲ့ သည်ကို တွေ့ရပါသည်။ 
သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အတွင်း သံနှင့်သံမဏိဆောက်လုပ်‌ရေးပစ္စည်းများ၊ ချည်ထည်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ လူသုံးအခြားပစ္စည်းများ၊ ကွန်ပျူတာ/ကွန်ပျူတာနှင့် သက်ဆိုင်သောပစ္စည်း ကိရိယာများ၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ ပလပ်စ တစ်ပိုက်၊ သံပိုက်နှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၆၃၄၁၅.၉၅၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၇၅၆၁၁၂.၀၈၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၈၇၈၀၄၀.၈၇၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၉၇၀၁၃.၉၅၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများအရတွေ့ရပါသည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၈.၁၈  ကျပ် ရှိကြောင်းသိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News