Local News

တန့်ယန်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်း ၁၅၁၅၉ ဧက ရိတ်သိမ်းပြီးစီး

Last Updated:

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်း ၁၅၁၅၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဝင်း ပြောပြ၍ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက အစေ့ထုတ်ပြောင်း ၁၆၄၈၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၁၅၁၅၉ ဧကသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးခဲ့သော အစေ့ထုတ်ပြောင်းများကို အောက်တိုဘာလတတိယပတ်မှ စတင်ရိတ်သိမ်းလျက်ရှိရာ ယ‌နေ့(အောက်တိုဘာလ ၅) ရက်နေ့တွင် စိုက်ဧကအားလုံးရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“တန့်ယန်းမြို့နယ်မှာ ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီက အစေ့ထုတ်ပြောင်း ၁၆၄၈၅ ဧကသာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ အစေ့ထုတ်ပြောင်းရိတ်သိမ်းနေတဲ့ တောင်သူတွေအတွက် ရိတ်သိမ်းခြွေလှေ့စက်တွေအချိန်မီရရှိစေဖို့အတွက် သက်ဆိုင်ရာမြို့နယ်က စက်မှုလယ်ယာဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။ တစ်ဧကအထွက်နှုန်းကောင်းမွန်ပြီး သတ်မှတ်ကာလမှာအချိန်မီ ရိတ်သိမ်းပြီးစီးစေဖို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဝင်းက ပြောပြသည်။

တန့်ယန်းမြို့နယ်တွင် ရိတ်သိမ်းပြီးစီးခဲ့သော အစေ့ထုတ်ပြောင်း တစ်ဧကအထွက်နှုန်းမှာ ၇၇ ဒသမ ၁၉ တင်းဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် စုစုပေါင်းအစေ့ထုတ်ပြောင်း ၁၁၇၀၁၆၄ တင်းထွက်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က တန့်ယန်းမြို့နယ်တွင် အစေ့ထုတ်ပြောင်း ၁၄၇၅၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အစေ့ထုတ်ပြောင်း ၁၁၃၇၆၄၉ တင်းထွက်ရှိကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News