Local News

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်ပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်းသိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (ပဉ္စမပတ်) တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀ လျှင် ကျပ် ၃,၈၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ ကျပ်၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၄၅,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၈၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊  ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၅,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ် ၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၈၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း  (ဆန်) ၂၄  ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး  (ဆင်း-၃)  (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ ပြည်ပါ    တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၆၅၀,၀၀၀၊ ရွှေဝါထွန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

နိုဝင်ဘာလ (စတုတ္ထပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန်သို့ အိတ်ရေ ၁၆,၂၀၀၊ မန္တလေးသို့ အိတ်ရေ ၂၄,၀၀၀၊ မကွေးသို့ အိတ်ရေ ၁,၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ ချင်းသို့ အိတ်ရေ ၃,၃၂၀၊ မွန်သို့ အိတ်ရေ ၅,၉၆၀ စုစုပေါင်းအိတ်ရေ (၅၈,၃၈၀) အိတ်၊ တန်အားဖြင့် (၂,၉၁၉) တန်စီးထွက်ခဲ့ပြီး ယခုနိုဝင်ဘာလ (တတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ နိုတင်ဘာလ (ပဉ္စမပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ  အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ  ရန်ကုန်သို့ အိတ်ရေ ၁၆,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂,၄၀၀၊ မကွေးသို့ အိတ်ရေ ၁,၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၃၀၀၊ ချင်းသို့ အိတ်ရေ ၂,၀၉၅၊ မွန်သို့ အိတ်ရေ ၃,၆၈၀ စုစုပေါင်းအိတ်ရေ (၅၆,၅၇၅) အိတ်၊ တန်အားဖြင့် (၂,၈၂၈) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၈,၀၅) အိတ်၊ တန်အားဖြင့် (၉၁) တန်လျော့နည်း၍ စီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News