International News

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု ‘ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် စတင်မည်

Last Updated:

     မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီး/ကျပ် တိုက်ရိုက်လဲလှယ်ခွင့်အတွက် အိန္ဒိယနိုင်ငံဗဟိုဘဏ် Reserve Bank of India က မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) Account လက်ခံဆောင်ရွက်မည့် အိန္ဒိယဘဏ် (Designated Bank) Punjab National Bank, India) ကို ရွေးချယ်ပါသည်။ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို နယ်စပ်ကုန်သွယ်ရေးတွင် စတင်မည်ဖြစ်ပြီး သင်္ဘောဖြင့် ပဲတင်ပို့ရောင်းချခြင်းကဲ့သို့သော ပုံမှန်ကုန်သွယ်မှုအတွက်လည်း ကျင့်သုံးသွားရန် ရည်ရွယ်ထားပါသည်။

     လက်ရှိတွင် တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် နယ်စပ်ကုန်သွယ်ရေးပေးချေမှုများ လက်ခံဆောင်ရွက်နေသည့်နည်းတူ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွင် ရူပီး/ကျပ် ပေးချေမှုများ ဆောင်ရွက်မည် ဖြစ်ပါသည်။ ဧပြီလ ၁ ရက် စတင်ကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒသစ်သည် နိုင်ငံတကာ ကုန်သွယ်မှုများတွင် ရူပီးအသုံးပြုရန်အတွက် အထောက်အပံ့ပြုမည့် အစီအစဉ်များပါဝင်ပါသည်။

Source: https://www.industrialdirectory.com.mm

Category: International News