International News

ရေနံထုတ်လုပ်မှုအများဆုံး နိုင်ငံအချို့ ရေနံထုတ်လုပ်မှု လျှော့ချမည်ဖြစ်၍ ကမ္ဘာ့ရေနံစျေးများ မြင့်တက်

Last Updated:

     လွန်ခဲ့သောနှစ်က ရေနံထုတ်လုပ်မှု လျှော့ချခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုကို ဒေါသထွက်စေခဲ့သည့်တိုင် ဆော်ဒီအာရေဗျ ဦးဆောင်သော ရေနံအများ ဆုံးထုတ်လုပ်သည့်နိုင်ငံအချို့က မမျှော်လင့်ဘဲ ရေနံထုတ်လုပ်မှုလျှော့ချလိုက်ပြီးနောက် ဧပြီ ၃ ရက်တွင် ကမ္ဘာ့ရေနံစျေးများမြင့် တက်သွားသည်။  OPEC+ အဖွဲ့ ထဲက နိုင်ငံအချို့ကထုတ်လုပ်မှုကိုတစ်ရက်လျှင်စုစုပေါင်း ရေနံစည်တစ်သန်း မမျှော်လင့်ဘဲ လျှော့ချလိုက်ပြီး နောက်တစ်ရက်အကြာတွင် ကြိုရောင်းကြိုဝယ် ရေနံစတော့စျေးများ crude futures သည် ရှစ်ရာခိုင်နှုန်းနီးပါး ထိုးတက်သွားသည်။ မထင်မှတ်သော လျှော့ချမှုသည် မေလတွင် စတင်မည်ဖြစ်ပြီး ယခုနှစ်ကုန်အထိ ကြာမြင့်မည်ဖြစ်သည်။

      ရေနံထုတ်လုပ်မှုလျှော့ချမည့် နိုင်ငံများတွင် အယ်လ်ဂျီးရီးယား၊ ဂါဘွန်၊ အီရတ်၊ ကာဇက်စတန်၊ ကူဝိတ်၊ အိုမန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးတို့ပါဝင်သည်ဟု ဧပြီ ၃ ရက်တွင် OPEC+ကထုတ်ပြန်ထားသည်။ OPEC+ အဖွဲ့ဝင် နိုင်ငံဖြစ်သော ရုရှား၏တစ်ရက်ထုတ်လုပ်မှု စည်ငါးသိန်းလျှော့ချမှုကို ဆက်လက်လုပ်ဆောင်သွားမည် ဆိုသည့် ဆုံးဖြတ်ချက်ထွက် ပေါ်လာပြီးနောက် ရေနံထုတ်လုပ်မှု လျှော့ချခြင်းဖြစ်သည်။        

Source:  https://news-eleven.com              

Category: International News