Local News

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရရှိ

Last Updated:
     ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ အပါအဝင် သတ္တုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၃ ဒသမ ၁၈ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။ အဆိုပါ ကုန်သွယ်မှုရငွေများမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ (၁) ရက်မှ မတ်လ (၂၄) ရက်အထိ ပြည်ပသို့တင်ပို့သည့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ ပို့ကုန်ဝင်ငွေဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၂ ဒဿ မ ၆၄ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၁၀ ဒဿမ ၅၄ သန်း ရရှိခဲ့ကြောင်း သိရသည်။
 
     ပြည်ပသို့ သတ္တုတွင်းထွက် ပစ္စည်းများ တင်ပို့ရာတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့် အခြားသတ္တုအမျိုးမျိုး တင်ပို့နေကြောင်း သိရသည်။
Source: Popular News Journal
Category: Local News