၁။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိနိုင်ရန် ရည်ရွယ်၍ ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP)” ကို လိုက်ပါဆောင်ရွက်လျက် ရှိပါသည်။
၂။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဝန်ဆောင်မှုရယူခြင်းနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းသည့် SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဝန်ဆောင်မှုလုပ်ငန်း အရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး လိုအပ်ချက်များ ပြုပြင်နိုင်မည် ဖြစ်ပါသည်။ ဝန်ဆောင်မှုရယူသူများအနေဖြင့် Short Code နံပါတ် “1111” ဖြင့် SMS ပေးပို့မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဥ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့