Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

Last Updated:

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှ ဇူလိုင်လ(၃၀)ရက်နေ့အတွင်း ငါးကြိတ်သားတစ်တန်လျှင် (၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၇.၂)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း ငါးမှုန့်တစ်တန်လျှင် (၉၀၀)ဒေါ်လာနှုန်းဖြင့် (၈၁၀)တန်၊ တန်ဖိုး (၀.၇၂၁)ဒေါ်လာသန်း ငါးကြိတ်သား၊ ငါးမှုန့်အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

    မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့မှ ဇူလိုင်လ (၃၀) ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှုမရှိပါ။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀)ကျပ်နှင့် ဒီဇယ်တစ်လီတာ (၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲ နှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News