Local News

ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၂၂-၇-၂၀၂၃) မှ (၂၈-၇-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ နနွင်းတက်နှင့် ဇီးယိုထုပ်တို့ တင်ပို့ ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၈၇၀၀ ဒေါ်လာ  တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် မန်ကျည်းစေ့တန်ချိန် ၆၇ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ မန်ကျည်း စေ့တန်ချိန် ၁၁၈ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် မန်ကျည်းစေ့တန်ချိန် တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် မန်ကျည်းစေ့တင်ပို့နိုင်မှု ငွေပမာဏမှာ ၆၇၀၀ ဒေါ်လာ တင်ပို့မှု ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News