ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ မိုးစပါးစိုက်ဧက ၁၅၀,၈၂၆ ဧကရှိရာ စက်တင်ဘာလ လကုန်ပိုင်းမှစတင်၍ မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ ၁,၅၄၂ ဧကကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း ၇၀ ခန့်ထွက်ရှိပြီး စပါးဈေးနှုန်းအနေဖြင့် နှံကောက် စပါးတင်း ၁၀၀ လျှင် ၁,၅၀၀,၀၀၀ ကျပ်နှင့် ဆင်းသုခ စပါးတင်း ၁၀၀ လျှင် ၁,၅၂၀,၀၀၀ ကျပ်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်မှထွက်ရှိသော နှံကောက်နှင့် ဆင်းသုခစပါးများကို အဆင့်မြင့် စပါးကြိတ်ခွဲစက်များဖြင့် ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆန်များကို ဖြူးမြို့နယ်အတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကြိတ်ခွဲရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ နှံကောက်ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၅၈,၀၀၀ ကျပ်နှင့် ဆင်းသုခဆန် ၂၄ ပါ တစ်အိတ်လျှင် ၆၁,၀၀၀ ကျပ်၊ ဆန်ကွဲ ၂၄ ပြည်ပါ တစ်အိတ်လျှင် ၄၅,၀၀၀ ကျပ်၊ ဖွဲနု ၇၂ ပေါင်ပါ တစ်အိတ်လျှင် ၂၅,၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)
Source: https://commerce.gov.mm
 
                         
                         
                        