Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုဆောင်ရွက်နိုင်မှု အခြေအနေ

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့် လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ(၀.၃၄၇၃)သန်း တင်ပို့ခဲ့ကြောင်း သိရှိရသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့ (၂၅၉) တန်၊ ဇီးဖတ် (၁၁၈) တန်၊ အုန်းသီးခြောက် (၁၀၆)တန်၊ ကွမ်းသီး (၂၃)တန်၊ ဂျင်းအစို (၂၅)တန်၊ နနွင်းတက် (၁၂) တန်၊ ကြက်သွန်နီ (၁၀)တန်၊ ငါးမြစ်ချင်း(၁-၂)  (၅၂.၈)တန်၊ ငါးမြစ်ချင်း (၂-၃) (၅၁.၄၅၆) တန်၊ ငါးမြစ်ချင်း (၃-၅) (၁၅.၄၀၈)တန်၊ ငါးသိုင်းခေါင်းပွ (၅-၈) (၇.၂၉၆)တန်၊ ငါးသိုင်းခေါင်းပွ (၈ ကီလိုအထက်) (၁၁.၂၈) တန်၊ ငါးသလောက် (၅၀၀-၈၀၀) (၀.၅၀၄)တန်၊ ငါးသလောက် (၈၀၀-၁၀၀၀) (၁.၀၅၀)တန်၊ ငါးသလောက် (၁၀၀၀-၁၂၀၀) (၀.၉၆၆) တန်နှင့် ဇီးယိုထုပ် (၃) တန်တို့ကို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၉.၄၀) တာကာနှင့် (၁) တာကာလျှင် (၂၇.၂၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

DOT (စစ်တွေ)

Source: https://commerce.gov.mm

Category: Local News