Local News

ပန်းတောင်းမြို့နယ်တွင် ဆီးသီးများထွက်ရှိပြီး အရောင်းအဝယ်ဖြစ်

Last Updated:

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ငါးဆယ်ပေးအုပ်စု၊ တောင်ပို့ကွင်းကျေးရွာတွင် တောင်ကုန်းများ၊ လယ်ကန်သင်းများပေါ်တွင် ဆီးသီးပင်များစိုက်ပျိုးထားရှိသလို အလေ့ကျလည်း ပေါက်ရောက်ကြပါသည်။ ယခုလိုအချိန်ဖြစ်သော ဆောင်းရာသီတွင် ဆီးသီးများ စတင်ထွက်ပေါ်လာသဖြင့် ခူးယူရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထွက်ရှိလာသောဆီးသီးများကို ဝယ်ယူရာတွင် တစ်နေ့လျှင် ဆီးသီး တင်း(၂၀)မှ (၃၀)အထိ ဝယ်ယူရောင်းချလျက်ရှိပြီး အစိမ်းနှင့် အမှည့်ရောရာကိုလည်း ဝယ်ယူကြောင်း သိရပါသည်။ ဆီးသီးဈေးနှုန်းအနေဖြင့် အစိမ်း တစ်တင်းလျှင် ၁၀၀၀၀ကျပ်၊ ဆီးသီးအမှည့် တစ်တင်းလျှင် ၆၀၀၀ကျပ်ဖြင့် ဝယ်ယူရောင်းချကြောင်း သိရပါသည်။ ဆီးသီးအစိမ်းနှင့် အမှည့်ရောရာကို ‌အစိမ်းသတ်သတ်၊ အမှည့်သတ်သတ်ရွေးပြီး အစိမ်းကို ဧရာဝတီတိုင်း ဟင်္သာတမြို့သို့တင်ပို့ရောင်းချသလို ဆီးသီးအမှည့်ကို နေလှန်း အခြောက်ခံပြီး ဆီးသီးခြောက်များကို အောင်လံမြို့ရှိ ဇီးခွဲစက်သမားများက လာရောက်ဝယ်ယူ သိရပါသည်။ ထို့ကြောင့် ဆီးသီးပင်မှာ အလေ့ကျပင်ဖြစ်သလို စိုက်ပျိုးရသော အပင်ဖြစ်ပြီး နှစ်ရှည်ပင်ဖြစ်၍ ဆီးသီးစိုက်ပျိုးထားလျှင် နှစ်စဉ်ဝင်ငွေရသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News