Local News

ပေါက်ခေါင်းမြို့နယ်ရှိ ငရုတ်သီးစိမ်းထွက်ရှိမှုနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်း)သီးများစိုက်ပျိုးထားသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကိုသိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) စိုက်ပျိုးထားသော တောင်သူဦးစိုးနိုင်နှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ငရုတ်သီးစိမ်းစိုက်ပျိုးသည့်ဧကမှာ (၀.၂၅)ဧကကို ဝါခေါင်လမှစ၍ နယုန်လအထိစိုက်ပျိုးနိုင်ပြီး တန်ဆောင်မုန်းလနှင့် နတ်တော်လတွင်ထွက်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးသောအပင်ရေပေါင်းမှာ (၁၅၀၀)ခန့်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် (၆၈၅၀၀၀)ကျပ်ကုန်ကျကြောင်းသိရပါသည်။ ငရုတ်သီးစိမ်း စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် (၅၀)ခန့်ခူးဆွတ်နိုင်ပြီး (၁၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ငရုတ်သီးထွက်ရှိမှုမှာ (၈၀၀)ပိဿာခန့်ထွက်ရှိသဖြင့် ငရုတ်သီးစိမ်းထွက်ရှိချိန်တွင် ဝင်ငွေပေါင်းမှာ (၀.၂၅) ဧကတွင် (၁၂၀၀၀၀၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၅၁၅၀၀၀)ကျပ်ကျော်ရရှိကြောင်းသိရပါသည်။ ထွက်ရှိသောငရုတ်သီးစိမ်းများကို နယ်မြို့များသို့တင်ပို့ရောင်းချပြီး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ကုန်စိမ်းသမားတချို့မှာ စိုက်ခင်းအထိဆင်း၍ ဝယ်ယူနေကြကြောင်းသိရပါသည်။

ငရုတ်သီးစိမ်းစိုက်ပျိုးခြင်းဖြင့်လည်း မိသားစုတစ်နိုင်တစ်ပိုင်ဝင်နှင့် အကျိုးအမြတ်လည်းရရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News