Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးမှုန့်တစ်တန်လျှင် (၉၀၅) ဒေါ်လာနှုန်းဖြင့် (၄၅၀) တန်၊ တန်ဖိုး (၀.၄၀၇) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၂)ရက်နေ့အတွင်း ငါးဖမ်းပစ္စည်း (၃၁၉.၁၀) တန် ၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ဆိုင်ကယ်တာယာနှင့်ကျွတ်(၄၀၀)U၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၉၄၈.၇၈၈)တန်၊ (၃၈၅၇၀)U၊ (၇၇၉၈၆.၅၂)M2၊ တန်ဖိုး (၀.၅၇၈) ဒေါ်လာသန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၅၉၆) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News