Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ(၂)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ဇန်နဝါရီလ (၂) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန် (၂.၃၈၅) ဒေါ်လာသန်း၊ သွင်းကုန်(၀.၁၁၈)ဒေါ်လာသန်း၊စုစုပေါင်း (၂.၅၀၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၂.၈၃၆%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇန်နဝါရီလ (၂) ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရွှေဖရုံသီး၊ သခွါးမွှေး၊ Marble Stone ၊ ရော်ဘာ၊ ငရုတ်သီး၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၆၈၂၅) တန်၊ တန်ဖိုး(၂.၃၇၂) ဒေါ်လာသန်း၊ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၇၅) တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်းနှင့် ရွှေဖရုံသီးတန်ချိန်(၂၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၂၅) တန်၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၆) တန်၊ တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၆၉) တန်၊ တန်ဖိုး (၀.၄၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည်သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News