Local News

မြန်မာနိုင်ငံရှိ E-COMMERCE လုပ်ငန်းများ၊ ONLINE ဖြင့် ဆောင်ရွက်လျက်ရှိသည့် SME/MSMES လုပ်ငန်းများ ASEAN ONLINE SALE DAY (AOSD-2023) တွင် ပါဝင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Last Updated:

     အာဆီယံနိုင်ငံများအချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန်အတွက်  အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့  (ASEAN ONLINE SALE DAY-AOSD)  အား  ၂၀၂၀  ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုအခါ (၄) နှစ်မြောက်နေ့အဖြစ် ၂၀၂၃ ခုနှစ်အတွက် (၈-၈-၂၀၂၃) ရက်နေ့မှ (၂၂-၈-၂၀၂၃) နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ Online Sales လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီးလေ့လာရန် URL လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လေ့လာရန် URL မှာ URL - http://onlineasean.com  ဖြစ်ပါသည်။

     AOSD ကျင်းပရခြင်းမှာ ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေးကူညီရန်၊ e-Commerce တွင် စားသုံးသူယုံကြည်မှုပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား တစ်ခုဖြစ်သော e-Commerce ၏ အခန်းကဏ္ဍကိုပိုမို အားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ SME/MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

     သို့ပါ၍ AOSD 2023 တွင် အခြား ASEAN နိုင်ငံများနည်းတူ မြန်မာနိုင်ငံမှ တားမြစ်ကန့်သတ်ထားခြင်းမရှိသော ကုန်ပစ္စည်များနှင့်ဝန်ဆောင်မှုများကို e-Commerce လုပ်ငန်းများ၊ Online ဖြင့်ဆောင်ရွက်လျက်ရှိသည့် SME/ MSMEs များမှ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပူးတွဲပါပုံစံ တွင်ဖြည့်စွက်၍ dotict[email protected] သို့ ပေးပို့နိုင်ပါရန်နှင့် အသေးစိတ်အချက်အလက် များကိုသိရှိလိုပါက ၀၆၇-၄၀၈၆၇၀/၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News