Local News

ရွှေဘို အစေ့ထုတ်ပြောင်းများ အဝင်နည်းပြီး ဈေးအနည်းငယ်လျော့ကျလျက်ရှိ

Last Updated:

အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့စတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ၊ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/ (၁၉)တန် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၇၀၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၂၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၈၃၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် အစေ့ထုတ်ပြောင်း တစ်တင်းလျှင်(၁၅၀ဝိ/-) ဈေးလျော့နည်းခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: https://www.doca.gov.mm

Category: Local News