Local News

ကြက်သွန်နီဈေးနှုန်းများ လက်ရှိပေါက်ဈေးထပ် ထပ်မံမြင့်တက်မှုမရှိနိုင်

Last Updated:

ကြက်သွန်နီ အဟောင်းကုန်၍ အသစ်စတင်ထွက်ပေါ်ချိန်ကြားကာလ၌ အမြင့်ဈေးသို့ရောက်ရှိနေသော်လည်း လက်ရှိပေါက်ဈေးထက် ထပ်မံမြင့်တက်ဖွယ်မရှိနိုင်ကြောင်း မန္တလေးဈေးချိုရှိ ကြက်သွန်ပွဲရုံပိုင်ရှင် တစ်ဦးကပြောပြသည်။

လက်ရှိတွင် မန္တလေးဈေးကွက်အတွင်း ကြက်သွန်နီလက်ကားဈေးနှုန်းများအနေဖြင့် မြစ်သားကြက်သွန်နီ (အရွယ်သေး) တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၊ အရွယ်လတ်မှ အရွယ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ဝန်းကျင်မှ ၃၇၀၀ ဝန်းကျင်ရှိကြောင်း၊ မြင်းခြံကြက်သွန်နီအသစ်ဈေးမှာ အရည်အသွေးနှင့် အရွယ်အစားပေါ် မူတည်ပြီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၃၅၀၀ ဝန်းကျင်ပေါက်ဈေးရှိကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News