မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ်တွင် ဆန်ဈေးနှုန်းများ တည်ငြိမ်နကြောင်း သိရှိရသည်။ ဒေသတွင်းအရောင်းသွက်သော ဆန်အမျိုးအစားများ မနောသုခ၊ ရက် (၉၀) မျိုးများသည် ကျေးလက်နေတောင်သူဝယ်လက်များကြောင့် အရောင်းသွက်ကြောင်း သိရှိရသည်။ ဒေသတွင်းစိုက်ပျိုးထွက်ရှိသောသီးနှံကိုရောင်းချရသောငွေဖြင့် တစ်နှစ်စာ စားသုံးရန် ဆန်ဝယ်ယူလေ့ရှိသည့်တောင်သူများ၏ ရှေးရိုးဓလေ့အရ ယခုနှစ်ငရုတ်စိုက်တောင်သူများကလည်း မနောသုခနှင့်ရက် (၉၀) ဆန်အသစ်တို့ကို (၅/၁၀) အိတ်ဝယ်ယူစုဆောင်းကြောင်း ဆန်ပွဲရုံများမှ သိရှိရသည်။ တောင်သူများအဝယ်သွက်သည့် ဆန်အမျိုးအစားများမှာ မနောသုခ (သစ်) တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀) ကျပ်၊ ရက်(၉၀) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဝန်းကျင်ဖြင့် ရောင်းချရ ကြောင်း ဒေသတွင်း သီးနှံပေါ်ချိန်တွင် အရောင်းသွက်ကြောင်း ဈေးကွက်မှ သိရှိရသည်။
Source: https://www.doca.gov.mm
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာဈေးကွက်ရှိ အရောင်းသွက်သောဆန်ဈေးနှုန်းများ
Category:
Local News