Local News

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဈေးကွက်တွင် ပဲပုတ်စေ့နှင့်မတ်ပဲခြမ်းဈေးနှုန်း ငြိမ်နေလျက်ရှိ

Last Updated:

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ (၁) ပြည်လျှင် (၉၀၀ဝိ/-) ကျပ်နှင့်တစ်တင်းလျှင် (၁၄၄၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့ (၁) ပြည်လျှင် (၉၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှ ဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။
   ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ တတိယအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ (၁) ပြည်လျှင်(၆၇၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင် (၁၀၇၂၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း (၁) ပြည်လျှင် (၆၇၀ဝိ/-) ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။
Source: https://www.doca.gov.mm

Category: Local News