Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဧပြီလ ကုန်သွယ်မှု ကာလတူထက် ပိုမိုဆောင်ရွက်

Last Updated:

        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၄.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် (၁၀.၅၇၀) ဒေါ်လာသန်း၊ သွင်းကုန်(၃၈.၁၈၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၈.၇၅၅) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၉၅.၀၂၀%) ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် (၅.၉၉၅) ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင်(၃၁.၇၇၃) ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေ ဖြင့် (၃၇.၇၆၈) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ကာလတူနှင့်နှိုင်းယှဉ်ပါကဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ထောပတ်ပဲ၊ နိုင်လွန်ပဲ၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဇီးဖြူသီးခြောက်၊ ဂျင်း(စို)၊ ရော်ဘာကြမ်း၊ ငရုတ်သီး(အစို)၊ ဝဥ (ခြောက်)၊ ဝါ၊ ကြက်သွန်နီ၊ ရှမ်းနှမ်းစေ့၊ ကြက်ဆူဆီ၊ သတ္တုနှင့်သတ္တုရိုင်း၊ ETHYL ALCOHOL 96% 1 DRUM၊ MYANMAR BEER BOTTLEတို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှုပိုမိုရခြင်းဖြစ်သည်။

          ကာလတူနှင့်သွင်းကုန်တင်သွင်းမှုနှိုင်းယှဉ်သုံးသပ်ရာ၌ သွင်းကုန်ပိုင်းတွင်ပိုမိုခဲ့ခြင်းမှာရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးအုပ်စုနှင့် လူသုံးအုပ်စုတို့ ပိုမိုခဲ့ခြင်းကြောင့် တင်သွင်းမှုပိုခဲ့ခြင်း ဖြစ်သည်။

          တစ်ဖက်နိုင်ငံ ချင်းရွှေဟော်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တွေ့ရှိသဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ် ချင်းရွှေဟော်(နမ့်ဖာဟော်) ဂိတ်တံတားကို(၂၄-၂-၂၀၂၂) ရက်နေ့မှစ၍ တရုတ်နိုင်ငံ ဘက်မှ ပိတ်ထားခဲ့ရာမှ ၂၂-၃-၂၀၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍  ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာနိုင်ခဲ့သည်။ဒုတိယ(၆)လပတ်ကာလ အောက်တိုဘာလမှစ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်တိုးတက်လာခဲ့ကြောင်း သိရသည်။       

                                                                                                                                                                                               ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

 

Source: https://commerce.gov.mm
 

Category: Local News