Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

     မေလ ဒုတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် (၂၀၀၀၀) ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်း သိရသည်။

          ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီပေါက်ဈေးနှုန်းများမှာ (၁) ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၁၀၀-၂၀၀၀) ကျပ်၊ (လတ်) (၁၉၅၀-၁၈၀၀) ကျပ်၊ (သေး) (၁၇၅၀-၁၆၀၀) ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက်အရောင်း အသွေးပေါ်မှုတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၄၀၀-၂၃၀၀) ကျပ်၊ (လတ်) (၂၂၀၀-၂၀၀၀) ကျပ်၊ (သေး) (၁၉၀၀-၁၇၀၀) ကျပ် ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) (၇၀၀၀-၇၅၀၀) ကျပ်၊ (ရှမ်းစ) (၆၀၀၀-၆၅၀၀) ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

                                                                                        ဇေယျာကုန်သွယ်မှုဗဟိုဌာန

 

Category: Local News