Local News

မောတောင်ကုန်သွယ်ရေးစခန်းကုန်သွယ်မှုအခြေအနေ

Last Updated:

     မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ ဩဂုတ်လ(၁) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၁) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၆၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၇၇၄) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။ မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ(၃၁)ရက်နေ့မှ ဩဂုတ်လ(၁)ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၃၅.၂၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၇)သန်း၊ ကင်းမွန် (၁.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၃)သန်း၊ ဂဏန်း(အသေ)(၃.၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၈) သန်း၊ ဂျင်းခရု (အရှင်) (၈.၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၁)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၁၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃)သန်း၊ ငှက်ပျောသီး (၃၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁)သန်း၊ ငရုတ်သီးစိမ်း (၀.၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၀၅)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၂.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၇၁)သန်း၊ ပုစွန်စာ (၁၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃)သန်း၊ ကြွေပြား (၈၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်းဖြစ်သည်။

    မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ- ငါးမျိုးစုံ (၁၀၄၉.၀၅)ဒေါ်လာနှုန်း၊ (၃၅.၂၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇) သန်း၊ ကင်းမွန် (၁၆၆၆.၆၇) ဒေါ်လာနှုန်း၊ (၁.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀.၀၀၃) သန်း၊ ဂဏန်း (အသေ) (၁၁၈၇.၅) ဒေါ်လာနှုန်း၊ (၃.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၈)သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၅.၇၅) ဒေါ်လာနှုန်း၊ (၈.၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၁) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၁၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃)သန်း၊ ငှက်ပျောသီး (၃၁၄.၂၆)ဒေါ်လာနှုန်း၊ (၃၅)တန်၊ ကန်ဒေါ်လာ(၀.၀၁၁) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း(၈၀၀)ဒေါ်လာနှုန်း၊ (၀.၆)တန်၊ ကန်ဒေါ်လာ(၀.၀၀၀၅)ဒေါ်လာသန်း ဖြစ်သည်။

     မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏(၁) တန်ဈေးနှုန်းမှာ- သစ်သီး (၂၈၄)ဒေါ်လာနှုန်း၊ (၂.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၀၇၁)သန်း၊ ပုစွန်စာ(၃၀၀) ဒေါ်လာနှုန်း၊ (၁၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၃)သန်း၊ ကြွေပြား(၁)M2 ၏ ဈေးနှုန်းမှာ(၃.၃၇၅)ဒေါ်လာနှုန်း၊ (၈၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း ဖြစ်သည်။မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

     မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၃၁-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ်(၁၀၂၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News