Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့မှဩဂုတ် ၀၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၇၄)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၅၃၆) သန်း၊ သွင်းကုန်တန်ချိန်(၁၄)၊(-)U၊ (၇၅၀) BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၉၁) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၂၇သန်းဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ငါးနီငယ်တန်ချိန် (၇၄.၆၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၈၃၇၂.၀၀)၊ (၁) တန်ဈေးနှုန်း (၁၀၅၀) အမေရိကန်ဒေါ်လာ၊ ငါးစက္ကူ (၀.၅၆)၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၁၆၄.၈၀)၊ (၁)တန်စျေးနှုန်း (၂၀၈၀) အမေရိကန်ဒေါ်လာ၊ ကုလားဂုတ်တန်ချိန် (၀.၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၈.၀၀)၊ (၁)တန်စျေးနှုန်း (၁၈၆၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေတန်ချိန် (၁.၃၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၂၇၁.၂၀)၊ (၁)တန် စျေးနှုန်း(၁၆၇၀)အမေရိကန်ဒေါ်လာ၊ စစ်ဟောက်တန်ချိန် (၁၀.၅၆)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၄၅၄.၄၀)၊ (၁)တန်စျေးနှုန်း (၉၉၀) အမေရိကန်ဒေါ်လာ၊ ငါးဗျောသီးတန်ချိန် (၂.၄၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၆၄၀.၈၀)၊ (၁)တန် စျေးနှုန်း (၁၄၈၀)အမေရိကန်ဒေါ်လာ၊ ကျောက်ငါး တန်ချိန် (၀.၉၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၃၂၃.၂၀)၊ (၁)တန်စျေးနှုန်း (၂၄၂၀) အမေရိကန်ဒေါ်လာ၊ ပါကင်ငါးတန်ချိန် (၁၈.၈၂)၊ တန်ဖိုးအမေရိ ကန်ဒေါ်လာ (၁၁၈၅၆.၆၀)၊ (၁)တန်စျေးနှုန်း (၆၃၀)အမေရိကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန် (၂.၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၁၁၂.၀၀)၊ (၁)တန်စျေးနှုန်း (၈၈၀)အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်း တန်ချိန် (၁၀.၇၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၇၄၇၃.၆၀)၊ (၁) တန်ဈေးနှုန်း(၁၆၃၀) အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဒီဇယ်ဆီတန်ချိန် (၁၀၀)၊ တန်ဖိုး (၁၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀၀)၊ (၁)တန်စျေးနှုန်း (၇၁၄.၂၈)အမေရိကန်ဒေါ်လာ တို့ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်း သိရှိရသည်။ ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂-၈-၂၀၂၃)ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၀၄၂) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၆.၀၀)ကျပ်ခန့် (၁-၈-၂၀၂၃)နှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၀၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၂၁၅၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News