Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၂) ရက်နေ့မှ ဩဂုတ်(၁) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၂) ရက်နေ့မှ ဩဂုတ်(၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၄.၂၅၆)ဒေါ်လာသန်း၊ သွင်းကုန်(၃၁.၂၂၉)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၄၅.၄၈၅)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ပဲတီစိမ်း(၅၈၃၁.၇၅)တန်၊ တန်ဖိုး(၄.၁၂၀)ဒေါ်လာ သန်း၊ ရော်ဘာ(၂၆၂၁.၅၀)တန်၊ တန်ဖိုး(၃.၁၈၉)ဒေါ်လာသန်း၊ ပဲယင်း(၃၈၀၀.၁၈၈)တန်၊ တန်ဖိုး (၃.၀၆၂) ဒေါ်လာသန်း၊ မြေထောက်ပဲ(၅၈၆.၀၀)တန်၊ တန်ဖိုး(၀.၈၄၈)ဒေါ်လာသန်း၊ ထောပတ်ပဲ (၇၁၂.၆၄၁) တန်၊ တန်ဖိုး (၀.၇၇၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၆၄၀.၂၅)တန်၊ တန်ဖိုး (၀.၅၉၈)ဒေါ်လာသန်း၊ ရော်ဘာကြမ်း (၅၇၄.၅၀)တန်၊ တန်ဖိုး(၀.၄၆၁)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၆၇၃.၀၀)တန်၊ တန်ဖိုး(၀.၄၀၀)ဒေါ်လာ သန်း၊ စွန်တာနီပဲ(၁၇၀.၀၀)တန်၊ တန်ဖိုး(၀.၁၀၁)ဒေါ်လာသန်း၊ နိုင်လွန်ပဲ(၁၃၆.၀၀)တန်၊ တန်ဖိုး (၀.၀၉၄)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၁၄.၀၄၆)ဒေါ်လာသန်း၊ချည်ထည်များ (၃.၂၃၀)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၂.၆၄၂)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၁.၂၅၇)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောပစ္စည်းများ (၀.၉၆၉)ဒေါ်လာ သန်း၊ ဘထ္ထရီအခြောက်များ (၀.၇၄၈)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း (၀.၆၄၈)ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၃၂၇) ဒေါ်လာသန်း၊ အချိုမှုန့် (၀.၃၁၇) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၂၇၁)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

       ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၀) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News