Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(ဧပြီလမှစက်တင်ဘာလထိ) ပို့ကုန်ကန်ဒေါ်လာ (၃၁.၁၇၅) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅၁.၈၇၅) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၈၃.၀၅၀) သန်းဆောင်ရွက် နိုင်ခဲ့ပါသည်။ (၃-၁၀-၂၀၂၃)ရ က်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့်  အလူမီနီယမ်ဖြတ်စ (၆) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းနှင့် ကတ်ထူစက္ကူဖြတ်စ (၃၆)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်းအပါအဝင် (၀.၀၁၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၃-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၉၅)ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (စက်တင်ဘာလထိ)တွင် လျာထားချက်အပေါ် (၁၁၀.၃၇ %) ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၃-၁၀-၂၀၂၃ ရက်နေ့တွင်သွင်းကုန် (၀.၃၃၄) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပြီး ဘိလပ်မြေ (၄၄၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ Brand New Excavator(၃) U ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၈၅) သန်း၊ မီးခံအုတ် (၄၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ စားသောက်ကုန်(Chocolate Flavoured Ice Confection) (၁.၇၁၃)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News