Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁-၁-၂၀၂၄ မှ ၅-၁-၂၀၂၄) အတွင်း ကုန်စည်ဈေးနှုန်းများ အခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၉၆၅၀၀၀၊ မတ်ပဲ SQ/RC   (2023 Crop) ကျပ် ၃၂၉၅၀၀၀ နှင့် ပဲစင်းငုံ Red/RC(2023 Crop) ကျပ် ၃၂၃၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၃၀၀၀၀၊ မတ်ပဲSQ/RC (2023 Crop) ကျပ် ၆၇၅၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop ) ကျပ် ၉၅၀၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၅ လုံး ( တန်ချိန် ၃၆၀) နှင့် မတ်ပဲSQ/RC(2023 Crop) ကွန်တိန်နာ ၅လုံး( တန်ချိန် ၁၂၀ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် (မတ်ပဲSQ/RC(2023 Crop) ကွန်တိန်နာ ၅လုံး( တန်ချိန် ၁၂၀ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၉၀၀၀၊ မြှားနီ ကျပ် ၉၀၀၀၊ အိမ်မဲ ကျပ် ၆၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၂၁၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများဈေးငြိမ်လျက်ရှိသည်။  ကုန်စည်ဒိုင်သို့  ယခင်အပတ်က  ငရုတ်ရှည်  အိတ်ပေါင်း  ၂၂၀၀  ( ၄၄၀၀၀ ပိဿာ )နှင့် ငရုတ်ပု အိတ်ပေါင်း ၄၀၀ ( ၆၀၀၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၈၀၀(၃၆၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၅၀ (၂၂၅၀ ပိဿာ )ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၄၀၀    (၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၂၅၀ ( ၃၇၅၀ ပိဿာ ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်းသီး

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၂၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးဈေးများငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၉၀၀၊ ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၅၅၀၀၊  ပခုက္ကူကြမ်း ကျပ် ၅၁၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၈၀၀၊ ကြံသကာ(စစ်) ကျပ် ၄၂၀၀ နှင့်  သကြား(ပြည်တွင်း) ကျပ်  ၃၉၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။

Source: (Domestic (Ygn) MITC

Category: Local News