Local News

ပခုက္ကူကုန်စည်ဒိုင်သို့ နှမ်းသီးနှံများဝင်ရောက်၍ ဈေးကောင်းရ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေးအချက်အချာကျပြီး နယ်ပေါင်းစုံမှ လယ်ယာထွက်ကုန်သီးနှံများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်အတွင်းရှိ ကံတော်၊ ကံလှ၊ တွင်းမ၊ ဒဟက်ခြောက်၊ အိုးရင့်ခြောက်တောင်း၊ ကျွဲတဲ၊ ပန်းတိုင်းခြုံ ရွာများနှင့် ဂန့်ဂေါခရိုင်များတွင် နှမ်းသီးနှံများကို သီးထပ်အဖြစ် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုး ထွက်ရှိသော နှမ်းအမျိုးအစားများဖြစ်သော နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူနှင့် နှမ်းနက် (စမုံ)များ ပခုက္ကူကုန်စည်ဒိုင်သို့ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းအမျိုးအစားများမှာ နှမ်းနက်စမုံ(ရှယ်)၊ နှမ်းစမုံ (ရိုးရိုး)၊ နှမ်းနက်(ဂွ)၊ နှမ်းဝါ၊ နှမ်းညိုများ ဖြစ်ပြီး ဈေးနှုန်းများအနေဖြင့် နှမ်းနက်စမုံ (ရှယ်) တစ်တင်းလျှင် ကျပ် ၁၂၀၀၀၀၊ နှမ်းနက်စမုံ(ရိုးရိုး) တစ်တင်းလျှင် ကျပ် ၉၀၀၀၀ မှ ၁၁၇၀၀၀၊ နှမ်းနက် (ဂွ) တစ်တင်းလျှင် ကျပ် ၁၀၂၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀၈၀၀၀ နှင့် နှမ်းဝါ(ပြင်) တစ်တင်းလျှင် ကျပ် ၉၄၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ပထမပတ်အတွင်း နှမ်းအနေဖြင့် အိတ်ရေ ၄၀၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News