Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလတွင် ပုစွန်မျိုးစုံပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပုစွန်မျိုးစုံပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အငယ်မက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရးပွဲရုံများသည် ဒေသရေထွက်ကုန်များကို ဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ပုစွန်မျိုးစုံ ပိဿာချိန် ၅၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလတွင် ပုစွန်မျိုးစုံပိဿာချိန် ၇၂၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဘိုကလေးမြိုနယ်ကနေ ရန်ကုန်ဈေးကွက်ကို ပုစွန်မျိုးစုံအရင်ထက် ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချနေရတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများခဲ့တာကြောင့်ပါ။ ပိဿာချိန် အနေနဲ့ပြောရမယ်ဆိုရင် ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတာပါ။ ကုန်ချိန်များများတင်ပို့ရောင်းချရတဲ့အခါကျတော့ ရေလုပ်သားတွေအပြင် ကုန်သည်တွေနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေပါ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိလာပါတယ်” ဟု ဒေါ်အငယ်မက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလတွင် ပုစွန်ဘော့ချိတ်၊ ပုစွန်ဆိတ်သေး၊ ပုစွန်ဆိတ်ကြီး၊ ပုစွန်တုပ်စသည့် ပုစွန်အမျိုးအစားများ အများဆုံးတင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါပုစွန်ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် ၁၄၅၀၀ မှ ၁၇၅၀၀၊ ပုစွန်ဆိတ်သေး တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ မှ ၈၅၀၀၊ ပုစွန်ဆိတ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ မှ ၁၃၀၀၀၊ ပုစွန်တုပ်တစ်ပိဿာလျှင် ငွေကျပ် ၂၅၅၅၀၀ မှ ၂၉၅၀၀ စသဖြင့် လတ်ဆတ်မှုအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News