Local News

မြန်မာ သစ်သီးပို့ကုန်သမားများနှင့် တောင်သူများ တောင်းဆိုထားသော Green Channel တင်ပို့ခွင့် ကို တရုတ်က ခွင့်ပြုလိုက်ပြီ

Last Updated:
ရွှေမန်း
 
          မြန်မာ သစ်သီးပို့ကုန်သမားများနှင့် တောင်သူများ တောင်းဆိုထားသော Green  Channel  တင်ပို့ခွင့်ကို တရုတ်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်၉ည်များထံက သိရသည်။
 

     မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် သစ်သီးဝလံများမှာ ရက်ကြာကြာ အထားမခံသောကြောင့် မေ ၉ ရက် နေ့မှစတင်ကာ Green Channel(အစိမ်းရောင်လမ်းကြောင်း)ဖြင့် တရုတ်ဘက်မှ လမ်းပိုင်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

        နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပြည်ပရေးရာဌာနတို့ ချိတ်ဆက်ညှိနိုင်းပြီးနောက် ယခုကဲ့သို့ Green Channel ဖြင့် သစ်သီးဝလံကုန်စည်များအား စေလွှတ်ပေးခြင်းဖြစ်သည်ဟုဆိုသည်
        “တရုတ်ဘက် Border လိုင်းမှာ Normal Trade စနစ်ပြောင်းလိုက်တော့ သရက်သီးကားတွေက တရုတ်ဘက် စစ်ဆေးရေးဂိတ်မှာ ပိတ်မိနေတယ်။ရောင်းကွင်းထဲမရောက်ဘဲ ၅ ရက်လောက် ကားပေါ်မှာ ကြာသွား ရော။ အသီးတွေက မလတ်ဆတ်ရင် သူတို့ပေးဈေးပဲ ရတယ်။ကုန်စိမ်းဆိုတာက လမ်းပိုင်းကြံ့ကြာလို့ မဖြစ်ဘူး” ဟု မူဆယ်(၁၀၅) မိုင်၊ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။ ပြီးခဲ့သည့် မေ ၇ ရက်နေ့က သစ်သီးကားများ တရုတ်ဘက်သို့ များစွာဝင်ရောက်သွားနိုင်သော်လည်း အရောင်းကွင်းတွင် တရုတ်ဘက်မှ အကောက်အခွန်စစ်ဆေးမှု ၂ ရက်ကျော် ကြံ့ကြာခဲ့သဖြင့် ပြည်တွင်းမှ တင်ပို့သည့် သစ်သီးများမှာ မလတ်ဆတ် သည့် အခြေအနေသို့ရောက်ရှိပြီး ဈေးကွက်ပေါက်ဈေးနိမ့်ကျကြောင်း သိရသည်။

      “နှစ်နိုင်ငံ ညှိနိုင်းမှုအဆင်ပြေသွားလို့ သစ်သီးကားတွေ ပုံမှန်ဖြစ်သွားပေမယ့် ဈေးတန်းမရခဲ့ဘူး။ လမ်းပိုင်းကြံ့ကြာရင် အရည်အသွေးကောင်းတွေ တင်ပို့ပေမယ့် မလတ်ဆတ်တော့လို့ ဈေးမရပြန်ဘူး။ ဒါကြောင့် ဈေးကွက်က လမ်းပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တယ်”ဟု ဆက်လက်ပြောကြားသည်။

        အဆိုပါကြံ့ကြာခဲ့မှုဖြစ်စဉ်ကြောင့် မေ ၉ ရက်နေ့က ဖရဲသီး (အစီးပြတ်) ဈေးမှာ တရုတ်ယွမ်ငွေ ၄၀၀၀၀ မှ ၆၀၀၀၀ ၊ စိန်တလုံးသရက်သီးအမှည့် ယွမ် ၆၀ မှ ၁၀၀ ၀န်းကျင်နှင့် လတ်ဆတ်ပါက ယွမ် ၁၀၀ မှ ၁၃၀ ထိရရှိပြီး ထိုနေ့ဈေးကွက်တွင် လတ်ဆတ်သည့် စိန်တလုံးသရက်မှာ အနည်းစုသာရှိခဲ့သည်ဟုဆိုသည်။

ထိုသို့ခွင့်ပြုမှုကြောင့် မြန်မာ လက်ဆက်သီးနှံများ  စျေးတန်းအမြင့်တစ်ခုရရှိနိုင်ရန် မျှော်လင့်ထားသော်လည်း သစ်သီးစျေးကွက်မှာ တရူတ်နိုင်ငံ ဝမ်တိန်သစ်သီးကွင်းသို့ သွားရောက်ရောင်းချနေရဆဲဖြစ်သည်။
Source: မကွေးဂျာနယ်
Category: Local News