Local News

လျှပ်စစ်သုံးယာဉ်များ အတွက် အားသွင်းစက်များ ရောက်ရှိ

Last Updated:

       အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gyi Group of Co., Ltd.မှ တင်သွင်းလာသော   JAC   အမျိုးအစား လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW (၁၅) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ယနေ့(မေ ၉) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ   ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့်   အဆိုပါ  လျှပ်စစ်သုံးယာဉ် အားသွင်းစက် တင်သွင်းခြင်းအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။     

Source: https://www.myawady.net.mm          

Category: Local News