Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁-၇-၂၀၂၃)ရက်နေ့မှ(၃-၇-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ နနွင်း၊ ဇီးဖြူသီးခြောက်၊ မန်ကျည်းသီး(အစေ့ပါ)၊ ရေထွက်ကုန်များဖြစ်သည့်ကဏန်းအရှင်၊ သဲကဏန်း၊ ငါးပါးလျှပ်၊ ငါးခွေးလျှာနှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ မန်ကျည်းသီး(အစေ့ပါ)၊နနွင်း၊ဆီးဖြူသီးခြောက်၊ ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          ယခုအခါထိုင်းနိုင်ငံမှစားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းဝယ်လိုအားမြှင့်တက်နေ၍ယခင်နှစ်ကထက်ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ကုန်စိမ်းပို့ကုန်များဖြစ်သည့်ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်ငရုတ်များကိုအမြန်တင်ပို့နိုင်ရေးအတွက်ဆောင်ရွက်ပေးလျက်ရှိသည်။

          သွင်းကုန်ပစ္စည်းများအနေဖြင့်တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ Garment၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material ၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်း၊ ငါးဖမ်းပစ္စည်း၊ အားကစားပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ စက်ဆီ/ချောဆီ၊ LPG(ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့တင်သွင်းခဲ့သည်။

          (၁-၇-၂၀၂၃မှ၃-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းများမှာ Garment၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ငွေစျေးနှုန်းအနေဖြင့်ယခင်အပတ်ကတစ်ဘတ်လျှင်(88.21)ကျပ်ရှိပြီးယခုအပတ်တွင်လည်း(87.34)ကျပ်သာရှိ၍ ဘတ်စျေးအနည်းငယ်ကျဆင်းခဲ့ပါကြောင်းနှင့်ကုန်ပစ္စည်းများတင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

          (၂၄-၆-၂၀၂၃မှ၃၀-၆-၂၀၂၃)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(303.016)ဒေါ်လာဖြင့် (30212.927)တန်(9.155)ဒေါ်လာသန်း၊ချုပ်ပြီးအထည် (1)ကီလိုလျှင် (74) ဒေါ်လာဖြင့် (45)တန်(3.340)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (507.785)ဒေါ်လာဖြင့် (1425.800)တန်(0.724)ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင် (1505.556)ဒေါ်လာဖြင့် (180)တန်(0.271)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (200.806)ဒေါ်လာဖြင့် (1464.100)တန်(0.294)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (1500.000) ဒေါ်လာဖြင့် (30)တန်(0.045)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်)(၁)တန်လျှင်(873.647)ဒေါ်လာဖြင့်(460.140)တန်(0.402)ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို)(၁)တန်လျှင် (674.285) ဒေါ်လာဖြင့် (28.178)တန်(0.019)ဒေါ်လာသန်း၊ ကဏန်း (၁)တန်လျှင်(5051.802)ဒေါ်လာဖြင့် (11.679)တန်(0.059)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ(၁)တန်လျှင် (1099.882)ဒေါ်လာဖြင့် (48.187)တန်(0.053)ဒေါ်လာသန်းတို့ဖြစ်ပါသည်။ ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ် ရှိသည်။

          (၂၄-၆-၂၀၂၃မှ၃၀-၆-၂၀၂၃)ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(3.676)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (1.080)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း (0.924)ဒေါ်လာသန်း၊ အခြားစက္ကူများ(0.765)ဒေါ်လာသန်း၊ ချည်ထည်များ (0.694)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (0.694)ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ(0.660)ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (0.587) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ(0.519)ဒေါ်လာသန်းနှင့်သံနှင့်သံမဏိပစ္စည်းများ (0.481) ဒေါ်လာသန်းတို့ဖြစ်သည်။

     သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ(၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိပါသည်။ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ၂၉-၆-၂၀၂၃ ရက်နေ့ နံနက် (၀၅:၀၀) နာရီခန့်အချိန်တွင် ရန်ကုန်- မော်လမြိုင်- မြဝတီ၊ ရန်ကုန်- မော်လမြိုင်- ထားဝယ်စသည့် ကုန်သွယ်ရေးအရ အရေးပါသည့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိပ်တံတား(ဘီးလင်းတံတား)အား မိုင်းခွဲဖျက်ဆီးခံခဲ့ရသော်လည်း အိမ်စီးမော်တော်ယာဉ်များအပြင် ကုန်တင်ကားကြီးများ အတက်တစ်လှည့်၊ အဆင်းတစ်လှည့် တစ်စီးချင်းဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရှိရပါသည်။

    မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်(ဧပြီလ(၁)ရက်နေ့မှဇူလိုင်လ(၃)ရက်နေ့ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၁၄၈.၀၇၂)ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၃၂.၄၄၄) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၄၈၀.၅၁၆)ကန်ဒေါ်လာသန်းရှိပြီး ယခင်နှစ်ကာလတူတွင်ပို့ကုန်(၇၂၃.၆၆၄)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၃၂၁.၀၆၉)ကန်ဒေါ်လာသန်း၊ကုန်သွယ်မှုပမာဏ(၂၀၄၄.၇၃၃)ကန်ဒေါ်လာသန်းဆောင်ရွက်ခဲ့သဖြင့် ကာလတူနှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက်ပို့ကုန်(၅၇၅.၅၉၂)ကန်ဒေါ်လာသန်း၊ သွင်းကုန် (၉၈၈.၆၂၅)ကန်ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၅၆၄.၂၁၇)ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။

Source: https://commerce.gov.mm

Category: Local News