Local News

တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

Last Updated:

          တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ‌ဇူလိုင်(၂)ရက်နေ့မှ (၄)ရက်နေ့ထိကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၀၆ဒေါ်လာသန်း၊ စီးကရက် ၀.၁၃၉ ဒေါ်လာသန်းသွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၁၄၅)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ ဇူလိုင်လ (၅)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ ဒေါ်လာ (၂၉၂၆) ကျပ်၊ ၁ ဒေါ်လာ (၉၁.၄၄) ရူပီး၊ ၁ ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင် းသိရှိရသည်။

        အပတ်စဉ် အများဆုံးတင်ပို့သည့် ပို့ကုန် (၁၀) မျိုးမှာပလတ်စတစ်ပုံး ၁ Kg လျှင် (၀.၇၉)ဒေါ်လာ၊ ၂၀၃၁ Kg လျှင် (၀.၀၀၂) ဒေါ်လာသန်း၊ ဖော်မီကာပြား ၁ M2 လျှင် (၀.၅၀) ဒေါ်လာ၊ ၃၅၀၀M2 လျှင် (၀.၀၀2) ဒေါ်လာသန်း၊ ပလတ်စတစ်အိတ် ၁ Kg လျှင် (၀.၂၉) ဒေါ်လာ၊ ၁၅၀၀ Kg လျှင် (၀.၀၀၀၄) ဒေါ်လာသန်း၊ သုံးဆင့်စင် ၁ Kg လျှင် (၀.48) ဒေါ်လာ၊ 2760Kg လျှင် (၀.၀၀1) ဒေါ်လာသန်း၊ စောင် ၁ Kg လျှင် (0.၅၂)ဒေါ်လာ၊  ၁၂၀၀ Kg လျှင် (၀.၀၀၁) ဒေါ်လာသန်း၊ စီးကရက် ၁ Kg လျှင် (၂.၁၄)ဒေါ်လာ၊  ၆၄၈၉၆Kgလျှင် (၀.၁၃၉)ဒေါ်လာသန်းတို့ဖြစ်ပြီးယခုအပတ် သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်မှုမရှိခဲ့ပါကြောင်း၊ ငါးသေတ္တာ၊ အချိုရည်တို့၏ သယ်ယူစရိတ် မှာ (၁၂) ဘီးတစ်စီးလျှင် (၁၅.၈) တန်ခန့် ကုန်ပိဿာအနေဖြင့် (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိသယ်ဆောင်နိုင်ပြီး သယ်ယူစရိတ်အနေဖြင့် (၁၂)ဘီးတစ်စီးလျှင် (၁၉၀၀၀၀၀/- မှ ၂၁၈၅၀၀၀/-)ထိရှိသည်။ ဝေဖာ၊ ဖိနပ်၊ စောင်၊ ဆီးသီးထုပ်၊ ဖယောင်းပုဆိုး၊ ပလတ်စတစ်ပုံး၊ ပလတ်စတစ်အိတ်နှင့် မိတ်ကပ်တို့၏ သယ်ယူစရိတ်မှာ  (၁၂) ဘီးတစ်စီးလျှင် (၈) တန်ခန့် ကုန်ပိဿာအနေဖြင့် (၄၈၀၀) မှ (၅၀၀၀) ပိဿာထိသယ်ဆောင်နိုင်ပြီးသယ်ယူစရိတ်အနေဖြင့် (၁၂)ဘီးတစ်စီးလျှင် (၁၁၀၄၀၀၀/ -မှ ၁၁၅၀၀၀၀/-)ထိရှိသည်။ Nitrogen Fertilizer, Neem Coated Urea Fertilizer (Mukta) အမျိုးအစားဓာတ်မြေဩဇာအားတစ်အိတ်လျှင် (၄၅/၅၀) Kg ၊ အိတ်ရေ(၃၀၀) ခန့်ဖြင့် (၁၂) ဘီးတစ်စီးလျှင် (၁၆)တန်ခန့်တင်ဆောင်နိုင်ပြီးကလေး-မန္တလေးသယ်ယူစရိတ်အနေဖြင့် (၁၀)သိန်းမှ (၁၂) သိန်းရှိကြောင်းသိရှိရပါသည်။ ဆံပင်အား တစ်အိတ်လျှင်(၃၀)Kg၊ အိတ်ရေ(၁၄၀)ခန့်ဖြင့် (၆)ဘီးတစ်စီးလျှင်(၄)တန်ခန့်တင်ဆောင်နိုင်ပြီး တမူး-မန္တလေးသယ်ယူစရိတ်အနေဖြင့် (၁၀) သိန်းခန့်ဖြင့် သယ်ဆောင်လျက်ရှိကြောင်းသိရှိရသည်။

          အဆင်းကုန် ကုန်ကျစ်/ကုန်ပွ ကားခတစ်ပိဿာ‌ စျေးနှုန်း၊ ကုန်စုံဖြစ်လျှင် ယာဉ်အမျိုးအစားအလိုက် ကားခစျေးနှုန်းမှာကုန်ကျစ်တစ်ပိဿာလျှင် (၁၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုန်ပွ တစ်ပိဿာလျှင် (၁၇၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊  (၁၂) ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၁၅.၈) တန်ခန့်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်ပါက (၈) တန်ခန့်ဖြင့်လည်းကောင်း၊ (၁၂) ဘီးယာဉ်အမျိုးအစားတစ်စီးလျှင် ကုန်ကျစ်ဖြစ်ပါက (၉၅၀၀) မှ (၁၀၀၀၀) ပိဿာထိတင်ဆောင်နိုင်ပြီးတစ်တန်သယ်ယူစရိတ်မှာ (၉၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကုန်ပွဖြစ်လျှင် (၄၈၀၀)မှ (၅၀၀၀) ပိဿာထိတင်ဆောင်နိုင်ပြီးတစ်တန်သယ်ယူစရိတ်မှာ (၁၀၂၀၀၀) ကျပ်ဖြင့်လည်းကောင်းသယ်ယူပို့ဆောင်လျက်ရှိကြောင်းသိရှိရသည်။

          ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ၁၀ရက်မှစ၍ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းနှင့် မဏိပူရ်ပြည်နယ်တွင် ကူကီး (ချင်း) လူမျိုးများနှင့် ကသဲလူမျိူးများအကြားအဓိကရုဏ်းဖြစ်ပွားပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိကြောင်းသိရှိရပြီး လုံခြုံရေးအခြေအနေနှင့်လမ်းပန်းဆက်သွယ်မှုအခြေအနေမှာ တမူး-ကလေးလမ်း‌ကြောင်းတစ်လျှောက်ရှိပန်းသာရွာနားအနီးတွင် လုံခြုံရေးအခြေအနေအရလမ်းကြောင်းများခေတ္တယာယီမျှသာပိတ်ထားကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News