Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းကုန်သွယ်မှုအခြေအနေ

Last Updated:

          မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရ ဖေဖော်ဝါရီလမှစတင်ကာ ဩဂုတ်လအထိ ပင်ရင်းနိုင်ငံအခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားသဖြင့် ယင်းကာလအတွင်းတာချီလိတ်မှပြောင်းလုပ်ငန်းရှင်များသည်  ခိုလန်၊ နမ့်ဆန်၊ လင်းခေး၊ မိုင်းနောင်၊ မိုင်းရှူးမြို့များမှ ပြောင်းများအားပို့ကုန်လိုင်စင်လျှောက်ထားရယူခြင်း၊ ပို့ကုန် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR Code) လျှောက်ထားရယူခြင်း ၊ ED ဖွင့်လှစ်ဆောင်ရွက်ခြင်းများဖြင့် တစ်ဖက်ထိုင်းနိုင်ငံသို့ မယ်ဆိုင်မြို့မှတဆင့် တင်ပို့လျက်ရှိသည်။

          ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်အတွင်းတာချီလိတ်မှ ပြောင်းတင်ပို့မှုအနေဖြင့် ဧပြီလတွင် (၁၃၂၄၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၄.၁၂၂) သန်း၊ မေလတွင်  (၂၆၁၅၁) တန်၊ တန်ဖိုးကန်ဒေါ်လာ (၈.၁၂၁) သန်း၊ ဇွန်လတွင် (၂၄၃၇၃) တန်၊ တန်ဖိုးကန်ဒေါ်လာ (၇.၅၅) သန်းတင်ပို့နိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိကာလတွင် ပြောင်းဈေးကျနေသည့်အပြင် တစ်ဖက်ထိုင်းနိုင်ငံအနေဖြင့်လည်းစက်တင်ဘာလထိ ပြောင်းသီးနှံသိုလှောင်မှုအလုံအလောက်ရှိနေပြီဖြစ်သည့်အတွက်  ကုမ္ပဏီများအနေဖြင့် ပြောင်းတင်ပို့မှုနည်းလာကြောင်း သိရှိရပါသည်။ အခွန်ကင်းလွတ်သက်သာခွင့်ပေးသည့်ကာလဖြစ်သည့် ဩဂုတ်လထိ ပြောင်းသီးနှံများတိုးမြှင့်တင်ပို့နိုင်ရေး၊ ပြောင်းဈေးကွက် ဝေစုရေရှည်ရရှိစေရေးအတွက်လည်း ကုန်သည်လုပ်ငန်းရှင်များမှ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်သည်။

     ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ဒေသသည် ပြည်မနှင့်အလှမ်းကွာဝေးပြီးလိုအပ်သောစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအားတစ်ဖက်နိုင်ငံမှတစ်ဆင့် တင်သွင်းအသုံးပြုကြပါသည်။ ထို့အတူတာချီလိတ်ဒေသနှင့် ကျိုင်းတုံဒေသတွင် သုံးစွဲရန်လိုအပ်သောစက်သုံးဆီဒီဇယ်၊ ဓာတ်ဆီတို့ကိုလည်းအထူးကိစ္စရပ်တစ်ရပ်အနေဖြင့် နယ်စပ်မှတင်သွင်းခွင့်ပြုထားပါသည်။ စက်သုံးဆီများတင်သွင်းခွင့်လိုင်စင်များ လျှောက်ထားရာတွင် AD ဘဏ်များ၏ ဘဏ်ငွေစာရင်း Bank Credit/Bank Statementများတင်ပြ ရန်လိုအပ်ပါသည်။ စက်သုံးဆီအမှန်တင်သွင်းမှုမှာ ၂၀၂၃ ခုနှစ် ဧပြီလ မှ ဇွန်လအထိဒီဇယ် (၆၉၆၉၂ ) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ  (၇.၃၆၅)သန်း ၊ ဓာတ်ဆီ (၃၆၄၇၈ ) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃.၇၉၉)သန်းရှိကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News