Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ ဇွန်လ(၃၀) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Last Updated:

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ ဇွန်လ(၃၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၀.၇၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၂၂.၆၄၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃၃.၄၂၉) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပဲတီစိမ်း (၅၁၃၆.၀၉၆) တန်၊ တန်ဖိုး (၃.၄၇၉) ဒေါ်လာသန်း၊ ပဲယင်း (၂၃၂၂.၇၅)တန်၊ တန်ဖိုး (၁.၉၀၆)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၀၀၂.၇၅)တန်၊ တန်ဖိုး (၁.၆၄၈) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၆၄၇.၅၀)တန်၊ တန်ဖိုး (၀.၆၅၆)ဒေါ်လာသန်း၊ စွန်တာနီပဲ (၇၇၇.၇၅) တန်၊ တန်ဖိုး (၀.၄၆၆)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၁၁၉)တန်၊ တန်ဖိုး (၀.၀၇၅)ဒေါ်လာသန်း၊ ပဲနီကြား (၁၇၀)တန်၊ တန်ဖိုး (၀.၀၈၃)ဒေါ်လာသန်း၊ မြေပဲဆံ (၁၆၉.၇၅)တန်၊ တန်ဖိုး (၀.၂၇၁)ဒေါ်လာသန်း၊ နှမ်းနက် (၁၀၃.၅)တန်၊ တန်ဖိုး (၀.၁၆၁)ဒေါ်လာသန်း၊ ရော်ဘာကြမ်း (၂၂၄.၇၅)တန်၊ တန်ဖိုး (၀.၁၆၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

          အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၆.၄၄၉)ဒေါ်လာသန်း၊ ချည်ထည်များ(၃.၈၃၁)ဒေါ်လားသန်း၊ သံနှင့်သံမဏိပစ္စည်းများ (လုပ်ငန်းသုံး) (၂.၁၁၁)ဒေါ်လာသန်း၊ လုပ်ငန်းသုံးကုန်ကြမ်းအခြားပစ္စည်း (၁.၆၀၁)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာများ (၁.၅၆၀)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၁.၀၄၃)ဒေါ်လာသန်း၊ လေအေးစက်များ (၀.၇၆၃)ဒေါ်လာသန်း၊ လူသုံးကုန်အခြားပစ္စည်းများ(၀.၅၃၇)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၅၂၀)ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၂၇၄)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၃) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၈၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၆၅) ကျပ် ရှိကြောင်းသိရသည်။ လယ်ယာထွက်ကုန် ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News