Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

          လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ဇူလိုင်လ ၃ မှ ဇူလိုင်လ ၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၁၀.၅၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၈.၀၀)တန်၊ တန်ဖိုး(၀.၁၀၁)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၂.၀၀)တန်၊ တန်ဖိုး(၀.၀၁၁) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်   မြေထောက်ပဲတစ်တန်လျှင်  (၁၄၈၄)   ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)   ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၃၄) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ  လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ် ရှိကြောင်းသိရှိရသည်။

     ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ပိတ်လိပ်တန်ချိန် (၂၇.၃၀)တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း/သံပြား (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ကုန်စုံတန်ချိန် (၉၄.၀၅) တန်၊ တန်ဖိုး (၀.၀၈၈)ဒေါ်လာသန်း၊ ချည်ခင်(၂၅.၁၀)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ထွန်စက် (၈) U၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ပီနံအိတ်တန်ချိန် (၁၃.၀၀)တန်၊ (၉၀၀၀) U၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ကားအပိုပစ္စည်း (၂.၃၀)တန်၊ တန်ဖိုး(၀.၀၀၆) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ပိတ်လိပ်တစ်တန်လျှင်(၅၉၇)ဒေါ်လာ၊ လေးဘီးထွန်စက် တစ်စီးလျှင် (၈၀၀၀)ဒေါ်လာ၊ နှစ်ဘီးထွန်စက်တစ်စီးလျှင်(၆၀၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်း၊ သံပြားတစ်တန်လျှင် (၆၇၉)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင်(၆၆၇)ဒေါ်လာရှိ၍လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ -  လွယ်  ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။ လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁-၇-၂၀၂၃ ရက်နေ့မှာ (၁)ယွမ်လျှင် (၄၃၂)ကျပ်ဖြစ်ခဲ့ပြီး ၄-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၃၅)ကျပ်ထိမြန်မာကျပ်ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News